Chewy Junior

DSCN9321

ဆိုင်တည်နေရာ

အမှတ် – ၁၅၃၊ ၄၇ လမ်းထောင့်၊ အနော်ရထာလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ ဖုန်း ၀၁-၈၆၁၀၅၅၆၊ ၀၁-၈၆၁၀၅၅၇ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ဆိုင်ဖွင့်ချိန်

ဆိုင်ဖွင့်ချိန်ကတော့ မနက် ၉ နာရီကနေ ည ၉နာရီအထိပိတ်ရက်မရှိ ဖွင့်တယ်လို့ သိရပါတယ်။

ဆိုင်ဖွင့်ဖြစ်ခဲ့ပုံနဲ့ ရည်ရွယ်ချက်

ဆိုင်ဖွင့်ဖြစ်ခဲ့ပုံနဲ့ပတ်သက်လို့ မန်နေဂျင်းဒါရိုက်တာ ကိုဝင်းထွန်းက ”ဆိုင်ဖွင့်ဖြစ်ခဲ့ပုံက Junction Square မှာ Chewy Junior ရဲ့ပင်ရင်းဆိုင်ရှိပါတယ်။ အဲဒါနဲ့ ဒီဆိုင်မဖွင့်ခင် စင်ကာပူက Franchise ယူပြီး ဖွင့်လှစ်ခဲ့တာပါ။ ဆိုင်ဖွင့်ပွဲကိုတော့ ၂၀၁၃ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ကဖွင့်လှစ်ခဲ့တယ်ဆိုတာကို” ပြောပြခဲ့ပါတယ်။ Cream Puff ကလည်း စားလို့ကောင်း တယ်။ စင်ကာပူမှာလည်း ရောင်းရတဲ့အတွက် မြန်မာပြည်သူပြည်သား တွေ စားသုံးနိုင်ဖို့ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တယ်လို့ ဆိုပါ တယ်။

ရရှိနိုင်တဲ့ Menu

ရရှိနိုင်တဲ့ Menu အနေနဲ့ Vanilla Cream Puff အမျိုးမျိုး၊  Roast& Grind Italy Coffee ၊ Fresh Juice ၊ High Quality Ice Blended Frappe၊ Ice-Cream၊ Smoothie၊ Milkshake ၊ Italian Soda ၊ Cocktail အပြင် အခြား စားစရာတွေကိုလည်း သုံးဆောင်နိုင်တယ်လို့ သိရပါတယ်။

ဝန်ဆောင်မှုပိုင်း

ဝန်ဆောင်မှုပိုင်းအနေနဲ့ Customer တွေစိတ်ကျေနပ်မှုရစေဖို့အတွက် Wifi Free သုံးခွင့်ပေးထားပြီး ကျယ်ဝန်းလှပတဲ့ Decoration နဲ့အတူ လူကြီးမင်းတို့ရဲ့ Birthday Party တွေ၊ စာနယ်ဇင်းရှင်းလင်းပွဲတွေကိုလည်း လက်ခံကျင်းပနိုင်တယ်လို့ သိရပါတယ်။

ဈေးနှုန်းသတ်မှတ်ချက်

ဈေးနှုန်းသတ်မှတ်ချက်အနေနဲ့ Cream Puff  မှာဆိုရင်  အနည်းဆုံးဈေး ၈၅၀ ကျပ် ဖြစ်ပြီးတော့ အများဆုံးဈေးအနေနဲ့ ၉၅၀ ကျပ်ရှိပါတယ်။ သောက်စရာထဲမှာဆိုရင် ဈေးအမျိုးမျိုးရှိပါတယ်။

Discount အစီအစဉ်

Discount အစီအစဉ်အနေနဲ့ ကျပ်သုံးထောင်ဖိုးအထက်ဝယ်ယူတဲ့သူတိုင်း Stickနr လေးတွေကို တံဆိပ်တုံးထု ပေးပါတယ်။ ဆယ်ခွက်ပြည့်သွားရင်  5% Discount    ပြန်ရတယ်လို့ဆိုပါတယ်။

အနာဂတ်အစီအစဉ်

အနာဂတ်အစီအစဉ်အနေနဲ့ နောက်ထပ် Menu အသစ်လေးတွေပြန်ထည့်ထားပါတယ်။ နောက်ထပ်ဆိုင်ခွဲ အသစ်ကို ဖွင့်လှစ်ဖို့ Ocean  အသစ်ဆောက်နေတဲ့ တာမွေအ၀ိုင်းမှာ စဉ်းစားထားတယ်လို့ သိရပါတယ်။