Cherry Oo ရဲ့ ပါဝင်ဆင်နွှဲ SEA Games ကံထူးရှင်ရွေးချယ်ပွဲ

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်အထိ ချယ်ရီဦးနာရီအရောင်းဆိုင်တွေမှာ ၀ယ်ယူ အားပေးကြတဲ့သူတွေအတွက် ပါဝင်ဆင်နွှဲ SEA Games ကံထူးရှင်ရွေးချယ်ပွဲကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါ ရီလ ၇ ရက်က ရန်ကုန်မြို့ရှိ Park Royal Hotel မှာ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ချယ်ရီဦး နာရီဆိုင် တွေမှာ  ကျပ်သုံးသောင်းနဲ့အထက် ၀ယ်ယူသူတွေအတွက် ကျပ်ငါးသိန်းကူပွန်ကံထူးရှင် ၁၂ ဦး ရွေးချယ်ခဲ့ရာ  ကောင်းထက်စံ၊ ကျော်လင်းထွန်း၊ မြသန္တာ၊ မျိုးကျော်ကျော်၊ မြတ်ဘုန်းနိုင်၊ ကေသွယ်ခိုင်၊ စုမြတ်သီ၊ မမေဖူး၊ မင်းသူထက်၊ ဇာခြည်ဦး၊ ယမင်းဖြိုး နဲ့ ဦးမျိုးဇော်ဦးတို့ ကံထူးခဲ့ကြပါတယ်။