Casabella ရဲ့ X’mas Tea Party နဲ့ ဈေးရောင်းပွဲတော်
Casabella Home Furnisihing Centre ရဲ့ End Year Sale ဈေးရောင်းပွဲတော်ကို ၂၀၁၄ခုနှစ် ဒီဇင်ဘာလ၊ ၅ ရက်မှ ၇ ရက်ထိ အမှတ် ၂၂၊ ပြည်လမ်း၊ ၉မိုင်၊ မရမ်းကုန်းမြို့နယ်ရှိ Casabella Showroom တွင် ကျင်းပခဲ့ပါတယ်။ ပွဲမှာ Casabella Showroom မှ တင်သွင်းထားတဲ့ ကမ္ဘာ့နာမည်ကြီး လူသုံး၊ အိမ်သုံး ပစ္စည်းတွေ၊ နိုင်ငံတကာ အဆင့်မီအားကစား ပစ္စည်းတွေ၊ အိပ်ခန်း အသုံးအဆောင် ပစ္စည်းတွေ၊ ခောတ်မီ ပရိဘောဂ ပစ္စည်းတွေ၊ ကျန်းမာရေးသုံး အနှိပ်စက်တွေ၊ မီးဖိုချောင်သုံး ပစ္စည်းတွေအပြင် အိမ်အလှဆင် ပစ္စည်းတွေဖြစ်တဲ့ လိုက်ကာစ၊ ကော်ဇော အစရှိတဲ့ ပစ္စည်းတွေကို သုံးဆယ် ရာခိုင်နှုန်း မှ ငါးဆယ် ရာခိုင်နှုန်းအထိ အထူးလျော့ဈေး နဲ့ ရောင်းချခဲ့ပါတယ်။ ဒါအပြင် ခရစ်စမတ်ကို ကြိုဆိုတဲ့အနေနဲ့ ၅ ရက်နေ့တွင် Casabella မိသားစုတွေ၊ ဈေးဝယ်သူတွေ၊ နာမည်ကျော် အနုပညာရှင်တွေနဲ့အတူ Casabella X’mas Tea Party ကိုလည်း ကျင်းပပြုလုပ်ခဲ့ပါတယ်။