Carlsberg ရဲ့ မြန်မာနိုင်ငံအတွက် ပထမဆုံး Flagship ဆိုင်မိတ်ဆက်

 

ရန်ကုန်မြို့မှာ Carlsberg ရဲ့ ပထမဆုံး Flagship ဆိုင်အဖြစ် Mojo Lounge & Restaurant ကို ပြန်လည်ပြင်ဆင်မွမ်းမံပြီး ဖွင့်လှစ်ခြင်းအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်မှာ ဆိုင်တည်ရှိရာ အမှတ် ၁၃၅ ၊ အင်းယားလမ်းမှာ ပြုလုပ်ခဲ့ပါတယ်။ 

Carlsberg ကို လက်ရှိ ရန်ကုန်မြို့တွင်း စားသောက်ဆိုင် ၂၀ ခန့်မှာ ၀ယ်ယူရရှိနိုင်ပြီး မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်တော့ ဆိုင်ပေါင်း ၃၀ လောက်မှာ ရရှိနိုင်နေပြီဖြစ်တယ်လို့ Myanmar Carlsberg ရဲ့ Brand Manager ကိုဖြိုးမင်းစိုးက ပြောပါတယ်။ 

Mojo ဟာ ၂၀၁၁ ခုနှစ်မှာ စတင်ဖွင့်လှဏ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှစတင်ပြီး Myanmore ၊ TripAdvisor တို့မှ ဂုဏ်ပြုဆုတွေကိုလည်း ဆက်တိုက်ဆိုသလို ရရှိခဲ့တာဖြစ်လို့ Carlsberg ရဲ့ အရည်အသွေးနဲ့ သမိုင်းကြောင်းကို ထင်ဟပ်ပြနိုင်တဲ့နေရာတစ်ခုဖြစ်တာကြောင့် Carlsberg Theme Bar အဖြစ် ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

DSCN1674

DSCN1680