Cafe Terrace

DSCN9286 copy post pic

ဆိုင်တည်နေရာ

ဆိုင်တည်နေရာကတော့ အမှတ် ၃၂၀၊ ပြည်လမ်းနဲ့အလုံလမ်း ထောင့်၊ ဟဲလ်ပင်မှတ်တိုင်အနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ၀၉ ၄၂၀၁၄၄၆၃၅၊ ၀၉ ၄၂၈၂၁၂၈၃၂ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

ဆိုင်ဖွင့်ချိန်

ဆိုင်ဖွင့်ချိန်အနေနဲ့ နံနက် ၁၀ နာရီကနေ ည ၁၀ နာရီ အထိဖြစ်ပြီးတော့ ပိတ်ရက်မရှိ (Daily Open) ဖွင့်ထားတယ်လို့ သိရပါတယ်။

 

ဆိုင်ဖွင့်ဖြစ်ခဲ့ပုံနဲ့ ရည်ရွယ်ချက်

ဆိုင်ဖွင့်ဖြစ်ခဲ့ပုံနဲ့ပတ်သက်လို့ ဆိုင်မန်နေဂျာကိုကျော်လင်းက ”ဒီဆိုင်ကိုဖွင့်ဖြစ်သွားတာက ကျွန်တော့်ဆရာရဲ့ စိတ်ကူး လေးပါ။ အဓိကကတော့ ဒီဆိုင်ရဲ့အပေါ်စီးကနေ ရှုခင်း ကောင်းကောင်းကြည့်လို့ရတဲ့အတွက် ဒီမှာ ဆိုင်ဖွင့်ဖြစ်သွားတာပါ။ ရည်ရွယ်ချက်အနေနဲ့ကတော့ လာရောက်စာသုံးသူ တွေအနေနဲ့ အရသာရှိရှိ သုံးဆောင်နိုင်စေဖို့၊ စိတ်အပန်း ဖြေအနားယူနိုင်ဖို့နဲ့ ရှုခင်းကောင်းကောင်းကြည့်ရှုခံစားနိုင်ဖို့အတွက် ရည်ရွယ်ထားတယ်” လို့ ရှင်းပြခဲ့ပါတယ်။

 

ဝန်ဆောင်မှုပိုင်း

ဝန်ဆောင်မှုပိုင်းအနေနဲ့ လာရောက်စားသုံးကြတဲ့Customer အတွက်အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်အောင် ကြိုးစားထားတယ်လို့ ဆိုပါတယ်။ နောက်ပြီး ကျွန်တော်တို့ဆိုင် ပိုင်ရှင်ကလည်း Food & Beverage သင်တန်းပြီးထားတဲ့သူဖြစ်တဲ့အတွက် သူ့ရဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီး သင်ပြ ပေးတာတွေ ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဆိုင်ရဲ့ ၀န်ထမ်းတွေ ၀န်ဆောင်မှုပိုင်းနဲ့ပတ်သက်လို့ Train  လုပ် ပေးတာတွေ ရှိတယ်လို့ဆိုပါတယ်။

 

ရရှိနိုင်တဲ့ Menu

ရရှိနိုင်တဲ့ Menu အနေနဲ့Breakfast  မှာဆိုရင် လခြမ်း ကွေးပေါင်မုန့်နဲ့ လက်ဖက်ရည်၊  Flat Rice Noodle ၊ Thin  Rice Noodle ၊ Egg Noodle  ၊ ထိုင်းစတိုင်လ် ထမင်းကြော်၊ ခေါက်ဆွဲကြော်တို့ဖြစ်ပြီှးSoup နဲ့Curry  မှာဆိုရင်တော့ ပုစွန်တုံယမ်းဟင်းချိုရည်၊ ထိုင်းစတိုင်လ် Panang Curry၊ ထိုင်းစတိုင်လ်Green Curry ၊Massaman Curry  တို့ပဲ ဖြစ်ကြပါတယ်။ ထမင်းစားပြီးလို့ သရေစာသုံးဆောင်ချင် သူတွေအတွက်Appetizer နှဲ့Snacks အမျိုးမျိုးကိုလည်း ရနိုင်ပါတယ်။ ကော်ဖီမှာဆိုရင် Espresso ၊ Cappucino    အပြင် ကော်ဖီအမျိုးမျိုးကို သုံးဆောင်နိုင်ပြီးတော့ အအေး မှာဆိုရင်လည်း Fresh Juice  အမျိုးမျိုးကို သောက်သုံး နိုင်ပြီး နောက်ထပ် Menu  အသစ်တွေကိုလည်း အသစ် ရောက်လာမယ့်စားဖိုမှူးအသစ်နဲ့ညှိပြီး ထပ်ဖြည့်သွားမယ်လို့ ဆိုပါတယ်။

 

ဈေးနှုန်းသတ်မှတ်ချက်

ဈေးနှုန်းသတ်မှတ်ချက်အနေနဲ့ အနိမ့်ဆုံးဈေးကတော့ ကျပ်နှစ်ထောင်ကစပြီး အမြင့်ဆုံးဈေးကတော့ ကျပ်လေးထောင်၊ တစ်သောင်းကျော်အထိ ရှိတယ်လို့သိရပါတယ်။

 

ထူးခြားချက်

ဒီဆိုင်ရဲ့ထူးခြားချက်တွေကတော့ ဆိုင်ထဲကိုဝင်လိုက်တာနဲ့ စိတ်ချမ်းမြေ့မှုကိုပေးစွမ်းနိုင်တဲ့ Decoration  မျိုးကိုတွေ့ရမှာပါ။ ပြီးတော့ နံနက်စာစားသုံးလိုသူတွေနဲ့ ညစာစား သုံးလိုသူတွေအတွက် အပန်းဖြေအနားယူပြီး အထူးကောင်းမွန်တဲ့နေရာတစ်နေရာ ဖြစ်ပါတယ်။ ဆိုင်ရဲ့လေးဖက်လေးတန်ကို မှန်နဲ့ ကာထားတဲ့ အတွက် လေးဖက်လေးတန်ရှုခင်းကိုမြင်နိုင်ပြီး အရှေ့ဘက်ကိုလှမ်းကြည့်လိုက်မယ်ဆိုရင် ရွှေတိဂုံစေတီ တော်မြတ်ကြီး ကို ဖူးမြော်လို့ရပါတယ်။ နောက်ထပ်တစ်ခု အနေနဲ့ စားသုံးသူတွေ အရသာရှိရှိသုံးဆောင်နိုင်ဖို့ ကျွမ်းကျင်စားဖိုမှူးတွေကို ခန့်အပ်ထားတာတွေက ဒီဆိုင်ရဲ့ ထူး ခြားချက်လေးတွေပါပဲ။

 

အနာဂတ်အစီအစဉ်

အနာဂတ်အစီအစဉ်နဲ့ပတ်သက်လို့ ဆိုင်မန်နေဂျာကိုကျော်လင်းက ”ကျွန်တော်တို့ဆိုင်ရဲ့Menu  ထဲမှာ နောက်ထပ် ထည့်သွားမှာကတော့ Breakfast    အပိုင်းကို ထည့်မယ်။ ထိုင်းအစားအသောက်တွေနဲ့ European    အစားအသောက်တွေကိုလည်း ဖြည့်သွားပြီးတော့ ဒီထက်မက ကောင်းမွန် အောင်ကြိုးစားသွားမှာပါ။ အခုလာမယ့် စားဖိုမှူးအသစ်နဲ့ညှိပြီးတော့ Menu  အသစ်တွေ ထပ်ထည့်သွားမှာပါ” လို့ ပြောပြခဲ့ပါတယ်။