BMB ကုမ္ပဏီရဲ့ ကာရာအိုကေစက်မိတ်ဆက်ပွဲ

bmb1 bmb2

BMB International Corp Japan က BMB ကာရာအို ကေ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး မိတ်ဆက်ရှင်းလင်းပွဲကို ရန်ကုန်မြို့၊ အထက်ပုဇွန်တောင်လမ်းရှိ Rose Garden ဟိုတယ်မှာ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်က ပြုလုပ်ခဲ့ပါတယ်။

BMB ကုမ္ပဏီဟာ ဂျပန်အခြေစိုက်ကုမ္ပဏီဖြစ်ပြီး ကမ္ဘောဒီးယား၊ ဟောင်ကောင်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ အမေရိကန် စတဲ့ နိုင်ငံပေါင်း ၁၄ နိုင်ငံကို Sound Box ၊ Amplifier အစရှိတဲ့ ကာရာအိုကေပစ္စည်းတွေကို တင်ပို့ရောင်းချနေတဲ့ ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။ ကုမ္ပဏီဟာ ၂၀၁၃ ခုနှစ် နှစ်ဦးပိုင်းမှာ မြန်မာနိုင်ငံက Tri Treasure International ကုမ္ပဏီ မျိုးသိန်းအီလက်ထရောနစ်ကို တစ်ဦးတည်းကိုယ်စားလှယ် ပေးထားပြီး CSV ၊ CSD၊ CSX ၊ CSN ၊ CSJ အမျိုးအစား ကာရာအိုကေ Speaker တွေအပြင် Professional Speaker တွေအနေနဲ့လည်း CSP ၊ CSW ၊DAP ၊ Amplifier ၊ Sound Processor အမျိုးအစား ကုန်ပစ္စည်းတွေကိုလည်း ၀န်ဆောင်မှုပေးနေတယ်လို့ Tri Treasures International Co Ltd ရဲ့ Managing Director ဖြစ်သူ ဦးကျော်ဇင်လတ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

BMB ကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက အမှတ် ၂၀၄ ၊ ပန်းဆိုးတန်းလမ်း အလယ်ဘလောက်၊ ကျောက်တံတားမြို့နယ် ဖုန်း ၀၉၄၀၂၅၄၄၄၉ သို့ ဆက်သွယ်မေးမြန်းနိုင်တယ်။

bmb3