Beach Hotels Fair အကြောင်းရှင်းလင်းပြောကြားခြင်းအခမ်းအနား

၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ Kandawgyi Palace Hotel မင်္ဂလာခန်းမမှာ ကျင်းပမယ့် Aureum Palace Hotels&Resorts မှ၂၀၁၅ ခုနှစ် နှစ်သစ်အထူးလျော့ဈေးရောင်းပွဲတော်နဲ့ပတ်သက်လို့  စာနယ်ဇင်းရှင်းလင်းတဲ့ပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့က  Kandawgyi Palace Hotel မှာပြုလုပ်ခဲ့ပါတယ်။

Aureum Palace Hotels&Resorts မှ၂၀၁၅ ခုနှစ် နှစ်သစ်အထူးလျော့ဈေးရောင်းပွဲတော်မှာ  ကမ်းခြေကြိုက်နှစ်သက်သူတွေအတွက် ငွေဆောင်Happy Holiday Package၊ Early Birds Promotion နဲ့ Honeymoon couples တွေအတွက် Honeymooner Package တွေကို စီစဉ်ထားကြောင်းနဲ့ Beach Hotels Fair ပွဲနေ့မှာ ချက်ချင်းဝယ်ယူသူ Customer တွေအတွက် ၁၀ ရာခိုင်နှုန်း Discount ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

ငွေဆောင် Happy Holiday Package မှာ ၂ ညအိပ် ၃ ရက် ခရီးဖြစ်ပြီး Aureum Palace Hotel & Resort, Ngwe Saung Deluxe Room မှာ ၂ ည၊ နေ့စဉ်နံနက်စာ၊ ညစာတစ်နပ်နဲ့ Spa Massage Treatment တစ်ကြိမ်ပါဝင်မှာဖြစ်ပြီး တစ်ဦးကို USD$130 ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။

Honeymoon Package ကို ပုဂံ၊ အင်းလေး၊ ပြင်ဦးလွင်၊ ငွေဆောင်နဲ့ ငပလီကမ်းခြေတွေမှာ စီစဉ်ထားပြီး Deluxe Room မှာ ၂ ည၊ နေ့စဉ်နံနက်စာ၊ Romantic ညစာ၊ ဒေသထွက်ဝိုင်တစ်ပုလင်း၊ Honeymooner တွေအတွက် အခန်းအပြင်အဆင်နဲ့ Spa Massage Treatment တွေ ပါဝင်မှာဖြစ်ပါတယ်။ ပုဂံခရီးစဉ်အတွက် USD$495၊ အင်းလေးခရီးစဉ်အတွက် USD$545၊ ပြင်ဦးလွင်ခရီးစဉ်အတွက် USD $ 250၊ ငပလီခရီးစဉ်အတွက် USD$ 545 နဲ့ ငွေဆောင်ခရီးစဉ်အတွက် USD$ 290 ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။

Early Bird Promotion မှာ ကြိုတင် Booking ပြုလုပ်တဲ့ Customer တွေအတွက် အထူးဈေးနှုန်းအဖြစ် Aureum Ngwe Saung Weekday မှာ USD$ 75 နဲ့ Weekend မှာ USD$85 ဈေးနှုန်းနဲ့ ရရှိမှာဖြစ်ပြီး Aureum Ngapali Weekday မှာ USD$185 နဲ့ Weekend မှာ USD$200 တို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

Myanmar Treasure Resorts မှလည်း အဲဒီအထူးလျော့ဈေးပွဲတော်မှာ ငွေဆောင် Beach Holiday Package၊ Spa Package Promotion နဲ့ Honeymoon Couples တွေအတွက် Honeymonner Package တွေ စီစဉ်ထားကြောင်းနဲ့ Beach Hotels Fair ပွဲနေ့မှာ ချက်ချင်းဝယ်ယူသူ Customer တွေအတွက် ၁၀ ရာခိုင်နှုန်း Discount ထားရှိကြောင်း သိရပါတယ်။

ငွေဆောင် Honeymoon Couple တွေအတွက် ခရီးစဉ်စာ USD$299 ကုန်ကျမှာ ဖြစ်ပြီး Deluxe First Row Sea View မှာ ၂ ည၊ နေ့စဉ်နံနက်စာ၊ Romantic ညစာ၊ ဒေသထွက်ဝိုင်တစ်ပုလင်း၊ Honeymooner တွေအတွက် အခန်းအပြင်အဆင်နဲ့ Spa Massage Treatment တွေ ပါဝင်မှာဖြစ်ပါတယ်။ ငွေဆောင် Beach Holiday Package မှာ တစ်ဦးကို တစ်ညတာဈေးနှုန်း USD$105 ကနေစတင်ကာ Myanmar Treasure Resort, NgweSaung မှာ နေ့စဉ်နံနက်စာ၊ ညစာတစ်နပ်နဲ့ Spa Massage Treatment တစ်ကြိမ်ပါဝင်မှာဖြစ်ပြီး USD$125 ခန့်သာ ကုန်ကျမှာဖြစ်တယ်လို့သိရပါတယ်။

Spa Package ကို ၂ ဦးလျှင် USD$160 နဲ့ Myanmar Treasure Resort၊ Ngwe Saung Superior Garden View မှာ ၂ ညနဲ့ နေ့စဉ်နံနက်စာ၊ Spa Massage Treatment တွေ ပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။

ဒီအစီအစဉ်တွေဟာ၂၀၁၅ ခုနှစ်၊ မတ်လ တစ်လအတွက်သာဖြစ်ပြီး ဇန်န၀ါရီလ ၁၇ ရက်မှ ၃၁ ရက်အတွင်း Booking ပြုလုပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

 

Beach 2

Beach 3