Best Companies to Work in Myanmar အစီအစဉ်ကို JobNet.com.mm မှ ပြန်လည်ပြုလုပ်သွားမည်

မြန်မာနိုင်ငံ၏ ထိပ်တန်းအွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုဒ်များထဲမှတစ်ခုဖြစ်သည့် JobNet.com.mm မှ မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီများ (The Best Companies to Work in Myanmar – BCIM) အစီအစဉ်ကို ယခု ၂၀၂၂ ခုနှစ်တွင် ပြန်လည်ဦးစီးကျင်းပသွားမည်ဖြစ်သည်ကြောင်းထုတ်ပြန်သည်။ ဤအစီအစဉ်ကို ၂၀၁၉ ခုနှစ်က ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပြီး ကျန်နှစ်များတွင် ရပ်နားထားခဲ့ရာမှ ယခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ပြန်လည်စတင် စီစဉ်ခြင်းဖြစ်သည်။ ယခုအစီအစဉ်ကို ဝန်ထမ်းများ၏ ကုမ္ပဏီအပေါ်ထားရှိသော သဘောထားအဆင့်သတ်မှတ်ချက်များအပေါ် အခြေခံပြီး မြန်မာနိုင်ငံရှိ ထိပ်တန်းကုမ္ပဏီများကို အသိအမှတ်ပြု၊ ဂုဏ်ပြုရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။ 

၂၀၂၂ ခုနှစ် BCIM အစီအစဉ်အတွက် လျှောက်လွှာများကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်တွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ပါဝင်လိုသောကုမ္ပဏီများအနေဖြင့် လျှောက်လွှာဖွင့်ရက်မတိုင်မီ  www.bcimyanmar.com/participate တွင် ကြိုတင်စာရင်းပေးနိုင်မည်ဖြစ်သည်။

ကုမ္ပဏီများမှ ယင်းတို့၏ပါဝင်မှုကို အတည်ပြုရန်အတွက် သြဂုတ်လ ၁၅ ရက်နေ့မတိုင်မီ လျှောက်လွှာကို တင်သွင်းရမည်ဖြစ်ကာ၊ လျှောက်လွှာတင်သွင်းပြီးနောက် ကုမ္ပဏီများအား ဩဂုတ်လ ၂၈ ရက် နောက်ဆုံးထား၍ ဖြေဆိုရမည့် စစ်တမ်းမေးခွန်းလွှာများကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ မေးခွန်းလွှာမှာ တစ်ရာ ရာခိုင်နှုန်းအွန်လိုင်းမှ ဖြေဆိုရသွားရမည်ဖြစ်ကာ ဖြေဆိုသူတိုင်း၏ အဖြေလွှာများသည် “အမည်မသိ” အဖြစ် ထားရှိမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာကုမ္ပဏီအသီးသီးမှ  ဝန်ထမ်းများ၏ သဘောထားအစစ်အမှန်ကို ပေါ်လွင်စေမည်ဖြစ်ကြောင်း၊ Deloitte Myanmar မှ မေးခွန်းလွှာဖြေကြားချက်များကို စိစစ်အတည်ပြုပြီးနောက် ရလဒ်များကို ကုမ္ပဏီများသို့ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

အပိုင်း ၇ ပိုင်းပါဝင်မည့် ထိုစစ်တမ်းမှာ ကုမ္ပဏီ၏လုပ်ငန်းပိုင်းဆိုင်ရာနည်းဗျူဟာကို ဝန်ထမ်းများမှမည်မျှပေါင်းစပ်ကိုက်ညီမှုရှိစွာလုပ်ဆောင်နိုင်သည်ကို စစ်ဆေးခြင်း၊ လုပ်ငန်းစီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှုစနစ်အား စိတ်ကျေနပ်မှုရှိ/မရှိ ကိုစစ်ဆေးခြင်း၊ အသင်းအဖွဲ့လိုက်လုပ်ကိုင်ခြင်း၊ တိုးတက်မှုအခွင့်အလမ်းရှိခြင်းနှင့် ယေဘုယျလုပ်ငန်းခွင်အနေအထား အစရှိသည့်အပိုင်းများနှင့်ပတ်သက်ပြီး စိတ်ကျေနပ်မှုရှိ/မရှိ များကို စစ်ဆေးခြင်းတို့ပါဝင်မည်ဖြစ်သည်။

ထိုစစ်တမ်းတွင် ကုမ္ပဏီအရွယ်အစား ပေါ်မူတည်၍ ပျမ်းမျှအားဖြင့် အဖွဲ့အစည်းတစ်ခုလုံး၏ အချိန်ပြည့်ဝန်ထမ်း ၈၀ ရာခိုင်နှုန်းအထိ ပါဝင်ဖြေဆိုရမည်ဖြစ်ကြောင်း၊ Employee Engagement Coefficient ဖြင့်တိုင်းတာသောအခါ စုစုပေါင်းအနည်းဆုံးရမှတ်ရရှိသောကုမ္ပဏီများသည် “မြန်မာနိုင်ငံတွင်အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးကုမ္ပဏီများ” (The Best Companies to Work in Myanmar) တစ်နှစ်တာစာရင်းတွင် အသိအမှတ်ပြုဖော်ပြခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်အတွက် ” မြန်မာနိုင်ငံတွင်အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးကုမ္ပဏီများ ” (The Best Companies to Work in Myanmar) အစီအစဉ်တွင်ပါဝင်ရန်  အသေးစိတ်အချက်အလက်များကို www.bcimyanmar.com တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

JobNet.com.mm မှ ဦးစီးကျင်းပသည့် ၂၀၂၂ ခုနှစ် ” မြန်မာနိုင်ငံတွင်အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးကုမ္ပဏီများ ” အစီအစဉ်တွင် Deloitte Myanmar မှ တရားဝင်အကဲဖြတ် Partnerအဖြစ်လည်းကောင်း၊  The British Chamber of Commerce Myanmar မှ  Chamber Partner အဖြစ်လည်းကောင်း၊ CEO Business and Management Magazine၊ Myanmar Business Today နှင့် Myanmar Insider တို့က အစီအစဉ်၏ တရားဝင် Media partner များ အဖြစ်ပါဝင်သွားမည်ဖြစ်ပါသည်။