advertisement-image
Executive Q & A

ကုမ္ပဏီမှာ ၀န်ထမ်းတွေ စည်းစနစ်ကျကျ အလုပ်လုပ်အောင် ဘယ်လိုစီမံခန့်ခွဲသင့်ပါသလဲ . . .

ဒေါက်တာတင်မမစိုး – HR Consultant cum MD, Billion Force Services Co Ltd ကုမ္ပဏီမှာ ၀န်ထမ်းတွေ စည်းစနစ်ကျကျ အလုပ်လုပ်အောင် ဘယ်လိုလုပ်ရမလဲဆိုတော့ ပထမဆုံး ၀န်ထမ်းတွေရဲ့ Position တွေ၊ Department တွေအလိုက် JD (Job Description) တွေ သေချာသတ်မှတ်ခွဲဝေထားပေးသင့်တယ်။ ၀န်ထမ်းတွေရဲ့ တာဝန်ယူရမယ့် Role နဲ့ Responsibility တွေကိုလည်း ရှင်းရှင်းလင်းလင်း သတ်မှတ်ထားသင့်တယ်။ ဒါအပြင် ပေါ်လစီတွေပေါ့။ HR ဆိုလည်း HR Policy နဲ့ဆိုင်တဲ့ ပေါ်လစီတွေ ဆွဲထားသင့်တယ်။ Finance ဆိုလည်း Finance နဲ့ဆိုင်တဲ့ ပေါ်လစီတွေ၊ Procedure တွေ ရေးထားမယ်။ ရေးဆွဲထားပြီးရင်လည်း ရေးဆွဲထားတဲ့အတိုင်း တိတိကျကျလိုက်နာပြီး […]
Posted On June 9, 2017, By Editorial

လုပ်ငန်းပိုင်ရှင်၊ ဒါမှမဟုတ် Managing Director တို့၊ BOD တို့ အမြဲတမ်းရုံးမထိုင်နိုင်တဲ့ လုပ်ငန်းခွင်မျိုးမှာ Management Team က စီမံခန့်ခွဲမယ်ဆိုရင် ဘယ်လို ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိပါသလဲ . . .

ဒေါက်တာတင်မမစိုး – HR Consultant cum MD, Billion Force Co Ltd Management Team ကပဲ စီမံခန့်ခွဲမယ်ဆိုရင် Internal Control ကောင်းဖို့လိုပါတယ်။ Internal Control ကောင်းဖို့အတွက် SOP (Standard Operation Procedure) တွေ ရေးဆွဲထားသင့်တယ်။ SOP တွေ ရေးဆွဲထားမယ်ဆိုရင် Internal Control ကောင်းကောင်းလုပ်လို့ရပြီ။ SOP ဆိုတာက ဌာနအလိုက်မှာ ဌာနတစ်ခုချင်းစီက အဲဒီဌာနမှာ ဘာတွေ အဓိကလုပ်ရလဲဆိုတာ သတ်မှတ်မယ်။ အဓိကအလုပ်ကြီး ရှစ်ခုရှိတယ် ဆိုပါတော့၊ ဒီရှစ်ခုထဲမှာ နံပါတ်တစ်တစ်ခုထဲမှာမှ အဆင့်အဆင့်ဘာတွေလုပ်ရမလဲ။ ဥပမာ- HR က ၀န်ထမ်းသစ်ထပ်ခန့်မယ်ဆိုရင် အဆင့်ဆင့်ဘယ်လိုသွားမလဲဆိုတာ အစီအစဉ်တွေ ချရေးထားမယ်။ ၀န်ထမ်းလစာတွေ တွက်မယ်ဆိုရင် […]
Posted On May 19, 2017, By Editorial

လုပ်ငန်းခွင်မှာ ချမှတ်ထားတဲ့ စည်းကမ်းတွေကို ၀န်ထမ်းတိုင်းလိုက်နာလာအောင် ဘယ်လိုလုပ်သင့်ပါသလဲ . . .

ဒေါက်တာတင်မမစိုး – Managing Director, Billion Force Co Ltd ၀န်ထမ်းတွေနဲ့ ပတ်သက်ပြီး စည်းကမ်းစရေးကတည်းက ၀န်ထမ်းတွေနဲ့ လိုက်ဖက်တဲ့ စည်းကမ်းတွေဖြစ်ဖို့ လိုတယ်။ ပြီးတော့ Reasonable ကျတဲ့ စည်းကမ်းတွေဖြစ်ဖို့လည်း လိုပါတယ်။ ဥပမာပြောရရင် ဒီခေတ်ကြီးထဲမှာ ၀န်ထမ်းတိုင်းကို အလုပ်ချိန်အတွင်း ဖုန်းမပြောရဘူးဆိုတဲ့ စည်းကမ်းမျိုးက သိပ်အဆင်မပြေပါဘူး။ ဟိုတယ်လုပ်ငန်းတွေလိုမျိုးမှာ ချမှတ်သင့်တဲ့ စည်းကမ်းဖြစ်ပေမယ့် ရိုးရိုး Trading လို လုပ်ငန်းမျိုး၊ Paper work နဲ့ အေးအေးဆေးဆေးလုပ်ရတဲ့ လုပ်ငန်းမျိုးဆိုရင်တော့ ဖုန်းမပြောရဘူးဆိုတဲ့ သဘာဝမကျတဲ့ စည်းကမ်းမျိုးကို မထုတ်သင့်ပါဘူး။ ဆိုလိုချင်တာက စည်းကမ်းစထုတ်ကတည်းက သူတို့နဲ့လိုက်လျောညီထွေဖြစ်မယ့် စည်ကမ်းမျိုးဖြစ်ဖို့လိုတယ်။ စည်းကမ်းရေးဆွဲမယ်ဆိုရင် သူတို့ရဲ့ ဌာနဆိုင်ရာခေါင်းဆောင်တွေကပါ အတူတူပါဝင်ရေးဆွဲဖို့လိုတယ်။ Top Management ကလည်း ဒီလိုစည်းကမ်းတွေ […]
Posted On May 8, 2017, By Editorial

လုပ်ငန်းခွင်မှာအမြဲလိုလို ပြဿနာရှာတတ်တဲ့ဝန်ထမ်းတွေကိုဘယ်လိုကိုင်တွယ်ရမလဲ . . .

    ဒေါက်တာတင်မမစိုး HR Consultant cum MD, Billion Force Services Co Ltd လုပ်ငန်းခွင်မှာအမြဲလိုလိုပြဿနာရှာတတ်တဲ့ဝန်ထမ်းတွေကိုလူအများနဲ့ အလုပ်မလုပ်ရတဲ့နေရာမျိုးမှာတာဝန်ပေးထားရင်ပိုအဆင်ပြေနိုင်ပါတယ်။ဒါဆိုရင်အဲဒီလူတွေနဲ့ပတ်သက်တဲ့ ပြဿနာဖြစ်တာတွေနည်းသွားနိုင်တယ်။ နောက်တစ်ခုကသူတို့ရဲ့ Job Design ၊သူတို့ရဲ့အလုပ်လုပ်တဲ့နေရာ၊သူတို့ကိုပေးထားတဲ့အလုပ်တာဝန်တွေကို ပြန်သုံးသပ်ဖို့လိုပါတယ်။ဒီအလုပ်နေရာကသူနဲ့အံဝင်ခွင်ကျဖြစ်မနေလို့ ဒီလိုပြဿနာတွေခဏခဏဖြစ်နေတာလားဆိုတာဆန်းစစ်သင့်တယ်။ဒီလိုပြဿနာတွေခဏခဏရှာနေရတာကသူရဲ့လုပ်ငန်းခွင်အခြေအနေကြောင့်လား၊သူ့ရဲ့ Attitude ကြောင့်လားဆိုတာ ပြန်သုံးသပ်ဖို့လိုပါတယ်။သူ့ရဲ့ Habit နဲ့ Attitude တွေကြောင့်မဟုတ်ဘဲသူလုပ်နေတဲ့အလုပ်တွေအတွက်သူ့မှာလိုအပ်ချက်တွေရှိနေလို့ ခက်ခက်ခဲခဲရုန်းကန်နေရပြီး ပြဿနာဖြစ်နေတာမျိုးဆိုရင်လိုအပ်တဲ့ Resources တွေကိုပံ့ပိုးပေးတာမျိုး၊ဒါမှမဟုတ်သူနဲ့လိုက်ဖက်မယ့်နေရာမျိုးကို ပြောင်းလဲနေရာချတာမျိုးတွေလုပ်သင့်ပါတယ်။တကယ်လို့ သူ့ရဲ့ Attitude ကြောင့် ပြဿနာရှာချင်နေတဲ့သူဆိုရင်တော့လူအများနဲ့ မဆက်ဆံရတဲ့နေရာမျိုးမှာ ပြောင်းရွှေ့ထားသင့်တယ်။ဒီအလုပ်နဲ့ဆိုင်တဲ့စည်းကမ်းတွေကိုပိုမိုခွဲခြမ်းစိတ်ဖြာပြီးချမှတ်သင့်တယ်။ ပြဿနာဖြစ်ရတဲ့အကြောင်းအရင်းမှာစည်းကမ်းကြောင့်မှားတဲ့အမှားတွေဆိုရင်တော့စည်းကမ်းနဲ့ပတ်သက်ပြီး ပြန်ထောက်ပြရမယ်။ပြီးတော့ဘယ်လိုအပြစ်မျိုးအတွက်ဘယ်လိုအရေးယူမှုတွေရှိတယ်ဆိုတာကို ပြောပြရမယ်။စည်းကမ်းကြောင့်မှားတာထက် Attitude ကြောင့်မှားတဲ့အမှားဆိုရင်ပိုပြီးလေးလေးနက်နက် ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သင့်တယ်။ပြီးတော့သူ့လုပ်ရပ်ကြောင့်ဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်တယ်ဆိုတာ ပြောပြရမယ်။ဥပမာ – ကိုယ့်ရဲ့မကောင်းတဲ့ Attitude တွေကကိုယ့်သားသမီး၊ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေဆီကူးစက်သွားမယ်ဆိုရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်က Impact ဆိုးတွေကိုယ့်ဆီပြန်ရောက်လာနိုင်တယ်ဆိုတာရှင်းပြသင့်တယ်။ အပြစ်တစ်ခုအတွက်အရေးယူတဲ့ Action အတိမ်အနက်နဲ့ […]
Posted On April 21, 2017, By Editorial

လုပ်ငန်းခွင်မှာ အမြဲလိုလို ပြဿနာရှာတတ်တဲ့ဝန်ထမ်းတွေကို ဘယ်လိုကိုင်တွယ်ရမလဲ . . .

လုပ်ငန်းခွင်မှာ အမြဲလိုလိုပြဿနာရှာတတ်တဲ့ ၀န်ထမ်းတွေကို လူအများနဲ့ အလုပ်မလုပ်ရတဲ့နေရာမျိုးမှာ တာဝန်ပေးထားရင် ပိုအဆင်ပြေနိုင်ပါတယ်။ ဒါဆိုရင် အဲဒီလူတွေနဲ့ပတ်သက်တဲ့ ပြဿနာဖြစ်တာတွေ နည်းသွားနိုင်တယ်။ နောက်တစ်ခုက သူတို့ရဲ့ Job Design ၊ သူတို့ရဲ့ အလုပ်လုပ်တဲ့နေရာ၊ သူတို့ကိုပေးထားတဲ့ အလုပ်တာဝန်တွေကို ပြန်သုံးသပ်ဖို့လိုပါတယ်။ ဒီအလုပ်နေရာက သူနဲ့အံဝင်ခွင်ကျဖြစ်မနေလို့ ဒီလိုပြဿနာတွေ ခဏခဏဖြစ်နေတာလားဆိုတာ ဆန်းစစ်သင့်တယ်။ ဒီလိုပြဿနာတွေ ခဏခဏရှာနေရတာက သူရဲ့လုပ်ငန်းခွင်အခြေအနေကြောင့်လား၊ သူ့ရဲ့ Attitude ကြောင့်လားဆိုတာ ပြန်သုံးသပ်ဖို့လိုပါတယ်။ သူ့ရဲ့ Habit နဲ့ Attitude တွေကြောင့်မဟုတ်ဘဲ သူလုပ်နေတဲ့ အလုပ်တွေအတွက် သူ့မှာလိုအပ်ချက်တွေရှိနေလို့ ခက်ခက်ခဲခဲ ရုန်းကန်နေရပြီး ပြဿနာဖြစ်နေတာမျိုးဆိုရင် လိုအပ်တဲ့ Resources တွေကို ပံ့ပိုးပေးတာမျိုး၊ ဒါမှမဟုတ် သူနဲ့လိုက်ဖက်မယ့်နေရာမျိုးကို ပြောင်းလဲနေရာချတာမျိုးတွေ လုပ်သင့်ပါတယ်။ တကယ်လို့ သူ့ရဲ့ Attitude […]
Posted On March 28, 2017, By Editorial

Social Media မှာ လုပ်ငန်းအကြောင်းတင်တာတွေကို ဘယ်လိုထိန်းချုပ်သင့်ပါသလဲ။ ဘယ်လိုစည်းမျဉ်းတွေ ချမှတ်ထားသင့်ပါသလဲ။ ဘယ်လိုအခြေအနေမျိုးမှာ အရေးယူသင့်ပါသလဲ . . .

ဝန်ထမ်းတစ်ယောက် Social Media မှာတင်တာကို ဘယ်လိုထိန်းချုပ်သင့်လဲဆိုရင် သူတို့ကို အလုပ်စ၀င်တဲ့ အချိန်မှာကတည်းက ဒီကိစ္စနဲ့ပတ်သက်တဲ့ Rules& Regulations တွေ၊ အရေးယူမယ့် Action တွေကို ဖတ်ပြသင့်ပါတယ်။ Orientation တွေမှာလည်း အသိပေးဖော်ပြသင့်တယ်။ Social Media ကနေပြီး ကိုယ့်လုပ်ငန်းမှာပဲ ထားရမယ့်အချက်အလက်တွေကို ပြင်ပကိုခွင့်ပြုချက်မရဘဲနဲ့ အသိပေးတာ၊ ပေါက်ကြားတာမျိုးတွေ လုပ်မယ်ဆိုရင် Action အနေနဲ့ ကြီးလေးတဲ့ပြစ်မှုထဲမှာ ထည့်သွင်းဖော်ပြထားတယ်ဆိုတာကို ၀န်ထမ်းအလုပ်စ၀င်ကတည်းက အသိပေးထားသင့်တယ်။ လုပ်ငန်းရှင်က ဖြစ်နိုင်ရင် CCTV တပ်ထားတာမျိုးတွေလည်း လုပ်လို့ရပါတယ်။ နောက်ပြီး IT နည်းပညာနဲ့ IT ရဲ့ အကူအညီကိုယူပြီးတော့လည်း နည်းပညာအရ ထိန်းချုပ်တာမျိုးလည်း လုပ်လို့ရပါတယ်။နောက်ပြီး သူတို့ကို Social Media လုံးဝသုံးခွင့်မပြုဘူးဆိုတာမျိုးကိုမလုပ်ဘဲ သူတို့ Break Time […]
Posted On March 6, 2017, By Editorial

Team မှာ အဆင့်တူ ဦးဆောင်သူနှစ်ဦးရှိတဲ့အခါမှာ ဘယ်လိုအကျိုးဆက်တွေ ရှိလာနိုင်ပါသလဲ . . .

သိပ်ကောင်းတဲ့ မေးခွန်းပါ။ ဒီမေးခွန်းက မေးလည်းမေးသင့်ပါတယ်။ လက်ရှိမှာလည်း ဒီလိုမျိုး ကြုံတွေ့နေရပါတယ်။ တစ်ဂူတည်းမှာ ခြင်္သေ့နှစ်ကောင် အောင်းသလိုပေါ့။ ခေါင်းဆောင်နှစ်ယောက်ရှိတယ်၊ ခေါင်းဆောင်နှစ်ဦးထက် ပိုမယ်။ ရာထူးကလည်း တူတူပဲဆိုရင် အောက်ကလူတွေက ဘယ်ဘက်ကို လိုက်ရမလဲမသိဘူးဆိုတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒါမျိုးဆိုရင် တတ်နိုင်သလောက်ကတော့ ပြဿနာမဖြစ်အောင် ညှိပြီးတော့နေရပါတယ်။ ကျွန်တော်တို့ အခေါ်ပြောရရင်တော့ Peer Pressure လို့ ခေါ်ပါတယ်။ Level တူမှာ ပြိုင်တဲ့ Pressure ပေါ့။ သူကများ ကိုယ့်ထက်သာသွားမလား၊ ကိုယ်ကရော သူ့ထက်သာအောင် ပြနိုင်ပါ့မလားဆိုတဲ့ ပြိုင်ဆိုင်မှုက အလုပ်ပြိုင်ဆိုင်မှုထက် ဘယ်သူသာမလဲဆိုတာကို သွားပြီးပြိုင်ဆိုင်ပါတယ်။ ကိုယ်ကဆရာလား၊ တပည့်လားဆိုတာမျိုးတွေ စတွေးလာတယ်။ တွေးလာတဲ့အခါမှာ နောက်ဆုံးပြောရရင် သူ့ဘက်က ပြဿနာရှိရင်ရှိမယ်။ ကိုယ့်အပေါ်မှာ အမြင်တိမ်းရင်တိမ်းမယ်။ ဒါကတော့ သူ့အပိုင်းပါ။ ကိုယ့်အပိုင်းကျတော့ […]
Posted On December 27, 2016, By Editorial

Family Business မှာ ၀င်ရောက်လုပ်ကိုင်သူတွေအနေနဲ့ ဘာတွေသိထားသင့်ပါသလဲ . . .

Family Business မှာ ၀င်ရောက်လုပ်ကိုင်မယ်ဆိုရင် အဲဒီလုပ်ငန်းမှာ ဘယ်သူက ဘယ်ကဏ္ဍတွေရဲ့ ဦးဆောင်သူလဲ၊ Decision Maker လဲဆိုတာကို အသစ်ဝင်လာတဲ့ဝန်ထမ်းက သိထားရပါမယ်။ ပြီးတော့ သူတို့က Traditional စစ်စစ် သွားနေတာလား၊ Corporate Governance ပုံစံမျိုးနဲ့ တစ်ယောက်ကို တစ်ယောက် စောင့်ကြည့်ပြီးတော့ တည့်မတ်ပေးတဲ့ပုံစံမျိုးနဲ့သွားနေတာလား၊ Management Style ကောင်းကောင်းနဲ့ သွားနေတာလားဆိုတာကို အရင်ဆုံးလေ့လာစုံစမ်းသင့်ပါတယ်။ ကုမ္ပဏီကလည်း Decision Maker သီးသန့်သတ်မှတ်ထားဖို့လိုပါတယ်။ တချို့လုပ်ငန်းတွေမှာ Decision Maker နဲ့ Suggestion ပေးတဲ့လူ ရောနေတာကြောင့် Suggestion ပေးနေတဲ့လူကို Decision Maker လို့ ထင်နေတာမျိုးတွေ ဖြစ်တတ်တယ်။ ဒါကြောင့် ဘယ်ကိစ္စမှာ ဘယ်သူက Decision Maker လဲဆိုတာ သိဖို့လိုတယ်။ […]
Posted On December 20, 2016, By Editorial

Career Planning ကို ဘယ်လိုပြုလုပ်သင့်ပါသလဲ . . .

ဝန်ထမ်းတစ်ဦးဟာ မိမိပါရမီအရည်အသွေး၊ စိတ်ဝင်စားမှု၊ ပျော်ရွှင်မှုနဲ့ တက်လမ်းတို့ကိုအခြေခံပြီး ကိုယ်နဲ့အကိုက်ညီဆုံး အလုပ်အမျိုးအစား Career ကို ရွေးချယ်နိုင်ပါတယ်။ အဲဒီသွားလိုတဲ့ အလုပ်ရဲ့ ဘ၀ပန်းတိုင် Career Goal ကို ရောက်အောင်သွားဖို့ ကြိုတင်ပြင်ဆင်တဲ့ ကြိုးပမ်းအားထုတ်ချက်၊ လုပ်ဆောင်ချက်တွေကို Career Planning လို့ ဆိုလိုတာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ Career Planning လုပ်ဆောင်နိုင်ဖို့အတွက် ကုမ္ပဏီအတွင်း ရာထူးအဆင့်ဆင့် သတ်မှတ်ဖော်ပြထားရပါမယ်။ ရာထူးအဆင့်တစ်ခုချင်းအတွက် ရှိရမယ့်ပညာ၊ အရည်အချင်းနဲ့ ကျွမ်းကျင်မှု၊ လိုအပ်ချက်တို့ကိုလည်း သတ်မှတ်ပေးထားရမှာ ဖြစ်ပါတယ်။ ဘာသင်တန်းတွေပြီးမှ၊ အတွေ့အကြုံ ဘယ်လောက်ရှိမှ၊ ဘယ်အလုပ်တွေကို လုပ်နိုင်တဲ့သူဖြစ်မှ နောက်ရာထူးအဆင့်တစ်ဆင့်ကို ရောက်နိုင်မယ်ဆိုတာ ၀န်ထမ်းတွေ သိရှိနေရမှာဖြစ်ပါတယ်။ Management နဲ့ HR Professional တွေအနေနဲ့ကတော့ ၀န်ထမ်းတစ်ဦးရဲ့ Career […]
Posted On December 7, 2016, By Editorial

Online Marketing ဆိုတာနဲ့ Online မှာ အရောင်းအ၀ယ်လုပ်တဲ့အခါ သိထားသင့်တဲ့ ဆောင်ရန် ၊ ရှောင်ရန်တွေ

Online Marketing (OM) ဟာ ၁၉၉၈ ခုနှစ်လောက်ကတည်းက တခြားနိုင်ငံတွေမှာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။ OM ဟာ၂၀၀၀ ပြည့်နှစ်လောက်မှာ အားသာလာတယ်။ ၂၀၀၈ ခုနှစ်လောက်မှာဆို တချို့နိုင်ငံတွေမှာ သိသိသာသာကို အားသာလာတယ်ဆိုပေမဲ့ မြန်မာနိုင်ငံမှာတော့ OM ပေါ်လာတာ မကြာသေးပါဘူး။ တိတိကျကျပြောရရင်တော့ ၂၀၁၅ ခုနှစ်၊ နှစ်လယ်ပိုင်းလောက်ကမှ အစပျိုးလာတာကို တွေ့ရပါတယ်။  နိုင်ငံတကာမှာဆိုရင် Alibaba ၊ Amazon ၊ eBay စတဲ့ Platform တွေရှိပြီး Customer တွေက ပစ္စည်းဝယ်ချင်တယ်ဆိုရင် ဒီ Platform တွေပေါ်တက်ပြီး ပစ္စည်းဝယ်တာတွေ လုပ်နေတဲ့အချိန်မှာ မြန်မာနိုင်ငံမှာက Social Media တွေပေါ်မှာ အရောင်း၊ အ၀ယ်တွေ လုပ်နေကြတာကို တွေ့ရပါတယ်။  ကျွန်တော်တို့ မြန်မာလူမျိုးတွေက Alibaba […]
Posted On November 28, 2016, By Editorial