advertisement-image
Executive Q & A

Organization တစ်ခုမှာ Change လုပ်တဲ့အခါဖြစ်ပေါ်လေ့ရှိတဲ့ Resistance လို့ခေါ်တဲ့ ဆန့်ကျင်တင်းခံတဲ့အရာတွေ လျော့ကျသွားအောင်၊ ပေါ်ပေါက်မလာအောင် ဘယ်လိုတားဆီးသင့်ပါသလဲ။ ဘယ်လိုအချက်တွေက Change တစ်ခုကို Fail ဖြစ်စေနိုင်ပါသလဲ

Change လုပ်တဲ့အခါမှာ Resistance လို့ခေါ်တဲ့ ဆန့်ကျင်တင်းခံတဲ့ Response ငါးမျိုး ဖြစ်လေ့ရှိပါတယ်။ အဲဒါတွေကတော့ ————————————- ၁။ Denial : Change တစ်ခုခုလုပ်ပြီဆိုရင် လူ့သဘာဝအရ အလွယ်တကူလက်မခံဘဲ (Denial) ငြင်းဆန်လေ့ရှိပါတယ်။ သိသိသာသာပဲဖြစ်ဖြစ်၊ မသိစိတ်ကပဲဖြစ်ဖြစ် အလွယ်တကူလက်မခံကြပါဘူး။ ဖြစ်လာမှာမဟုတ်ပါဘူးလို့ အရင်ယူဆလေ့ရှိပါတယ်။ ၂။ Resistance : အဲဒီ Response ကနေ နောက်ဆန့်ကျင်တဲ့အထိဖြစ်လာတယ်။ ပထမစိတ်ထဲမှာ၊ ဒါမှမဟုတ် ကွယ်ရာမှာ မဖြစ်နိုင်ပါဘူးဆိုပြီး ဆန့်ကျင်စိတ်ကနေ ပေါ်ပေါ်ထင်ထင်ပဲ ဆန့်ကျင်တင်းခံလာတတ်တာကို တွေ့ရပါလိမ့်မယ်။ ၃။ Acceptance : ဆန့်ကျင်တင်းခံမှုတွေကိုမှ အဖွဲ့အစည်းမှာရှိတဲ့ Management က နည်းလမ်းအမျိုးမျိုးနဲ့ ကိုင်တွယ်တဲ့အခါမှာ လက်မခံချင်၊ လက်ခံချင်နဲ့ လက်ခံတတ်လာတဲ့ Response တွေလည်း တွေ့ရမှာ ဖြစ်တယ်။ […]
Posted On April 19, 2018, By Editorial

အပြိုင်အဆိုင်များတဲ့ လုပ်ငန်းခွင်မှာ သူများတွေထက် နောက်ကျမကျန်ခဲ့အောင် ၀န်ထမ်းတွေအနေနဲ့ ဘယ်လိုပြင်ဆင်မှုတွေ လုပ်သင့်ပါသလဲ

လုပ်ငန်းခွင်ထဲက ၀န်ထမ်းတွေကို ကဏ္ဍခွဲကြည့်မယ်ဆိုရင် Fresh Graduate တွေရယ်၊ နိုင်ငံခြားကပြန်လာတဲ့  Repatriate တွေရယ်၊ သက်တမ်းရင့်နေတဲ့ ၀န်ထမ်းတွေရယ်ဆိုပြီး သုံးမျိုးတွေ့ရပါမယ်။ ကျွန်တော်တို့ကျောင်းတွေမှာ Internship ဆိုတာ မရှိခဲ့တဲ့အတွက်ကြောင့် ကလေးတွေက ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်တဲ့အခါမှာ လုပ်ငန်းခွင်နဲ့ပတ်သက်လို့ ဘာမှမသိဘဲနဲ့ သုညကနေစခဲ့ရတယ်။ ဒီနေ့မှ ကျောင်းပြီးတဲ့သူတစ်ယောက်ကို ဘယ်လိုမှကုမ္ပဏီတစ်ခုရဲ့ မန်နေဂျာအဖြစ်တွေ့ရမှာ မဟုတ်ပါဘူး။ မန်နေဂျာဆိုတာ Manage လုပ်ရတာ။ Manage လုပ်တယ်ဆိုတာ Commitment ပေးရတာ။ Commitment ပေးတယ်ဆိုတာ တာဝန်ယူရတာ။ ကျွန်တော်ဒီကုမ္ပဏီအတွက် ပိုက်ဆံဘယ်လောက်ရှာပေးပါ့မယ်၊ လုပ်ငန်းအောင်မြင်အောင် ဘယ်လောက်လုပ်ပေးပါ့မယ်ဆိုတာ အခုမှကျောင်းပြီးခါစ လူငယ်လေးတွေအနေနဲ့ Commitment ပေးနိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပညာရေးကစပြီး မှားနေတယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒါကြောင့် ကျောင်းတွေအားလုံး၊ လုပ်ငန်းရှင်တွေအားလုံးကို Final Year […]
Posted On March 29, 2018, By Editorial

လုပ်ငန်းခွင်မှာကြုံတွေ့ရတဲ့ အခက်အခဲအမျိုးမျိုးကို ဘယ်လိုနည်းလမ်းနဲ့ ကိုယ့်အထက်လူကြီးတွေသိအောင် ပြောပြသင့်ပါသလဲ၊ ဘယ်လိုဖြေရှင်းရင်ကောင်းပါမလဲ

  ကိုယ့်အထက်လူကြီးတွေက ကိုယ့်အခက်အခဲတွေကို သိအောင်ဘယ်လိုလုပ်မလဲဆိုရင် ပထမဆုံးအနေနဲ့ အဖွဲ့အစည်းမှာ Grievance Policy ၊ Suggestion Policy တွေနဲ့ Reporting System တွေလိုတယ်။ Grievance Policy ဆိုတာကတော့ မကျေနပ်ချက်နဲ့ အခက်အခဲတွေ တင်ပြဖြေရှင်းပေးတဲ့ ပေါ်လစီပါ။ မကျေနပ်ချက်အခက်အခဲရှိမယ်ဆိုရင် ကိုယ့်အထက်လူကြီးကို တင်ပြမယ်။ ကိုယ့်ရဲ့လူကြီးကလည်း ရုံးဖွင့်ရက်ဘယ်နှရက်အတွင်းမှာ ဒါကိုဖြေရှင်းမယ်၊ ရှင်းလို့မှ အဆင်မပြေဘူး၊ ရှင်းလို့မရတဲ့ အခက်အခဲမျိုးဆိုရင်တော့ Top Management ကို ဘယ်နှရက်အတွင်း တင်ပေးရမယ်၊ Top Management ရဲ့ အဆုံးအဖြတ်ကသာ အတည်ဖြစ်တယ် စသည်ဖြင့် ဖော်ပြထားတဲ့ Policy မျိုးတွေပါ။ ဒီလိုမျိုး Policy တွေရှိမယ်ဆိုရင် ၀န်ထမ်းတွေတင်ပြထားတာကို အထက်လူကြီးတွေက မဖြေရှင်းဘဲနေလို့မရဘူး။ သတ်မှတ်ထားတဲ့ရက်အတွင်းကို သူတို့မီအောင် ဖြေရှင်းရတာမျိုးရှိတယ်။ […]
Posted On March 1, 2018, By Editorial

လက်ရှိအလုပ်မှာ လုပ်နေရင်း ကိုယ့် Career Develop ဖြစ်အောင် ဘယ်လိုပြင်ဆင်မှုတွေ ကြိုတင်ပြုလုပ်ထားသင့်ပါသလဲ

ဒီနေရာမှာ Boss ရဲ့ အကူအညီလိုပါတယ်။ သူမပါဘဲနဲ့ လက်ရှိအလုပ်မှာလုပ်ရင် ကိုယ့် Career ကို ဘယ်လိုမှ Develop လုပ်နိုင်မှာမဟုတ်ပါဘူး။ Career Development လုပ်နိုင်ဖို့ Boss နဲ့ Discuss လုပ်ပါ။ ကိုယ်ဘာတတ်တယ်၊ ဘာမတတ်ဘူးဆိုတာကို သူ့ကိုမေးရမယ်။ အဲဒီမှာမှ How to grow? How to develop optimal capability အတွက် လမ်းစထွက်လာပြီး ကိုယ့်ဆီမှာရှိတဲ့ Capacity ၊ Capability ကို ဘယ်လိုမျိုး ဒီထက်မကပိုပြီးတော့ ကြီးမားအောင် Optimize လုပ်နိုင်မယ်။ ကိုယ့် Boss က ဖြစ်နိုင်တဲ့အခြေအနေကို သုံးသပ်ပြီး သူက အကြံဉာဏ်တွေပေးလာမယ်။ အဲဒီအတွက် အချိန်ဘယ်လောက်ယူမလဲဆိုတာကအစ  သူနဲ့ညှိယူရမယ်။ တကယ်တော့ Employee […]
Posted On February 1, 2018, By Editorial

အထက်လူကြီးတွေနဲ့ Communication ကောင်းအောင် ဆောင်ရ၊ ရှောင်ရမယ့်အချက်တွေ

ဘာကြောင့် ကိုယ့်အထက်လူကြီးနဲ့ Communication ၊ Relationship ကောင်းရမှာလဲလို့ မေးစရာရှိပါတယ်။ တကယ်တော့ ကိုယ်က သူ့ရဲ့ Support ၊ Encouragement နဲ့ Guidience တွေ လိုချင်လို့ပါ။ ဒါကြောင့် အထက်လူကြီးနဲ့ ကိုယ်နဲ့ကြားမှာ ခိုင်မာတဲ့ Relationship တစ်ခုကို တည်ဆောက်ဖို့လိုပါတယ်။ Boss က ကိုယ့်ကို Workplace Stress တွေ ပေးလို့ရတယ်။ တကယ်မှန်ကန်တဲ့ Stress လား။ ဒါမှမဟုတ် ကိုယ်ထင်တဲ့ Stress လား၊ လုပ်ယူတဲ့ Stress လားဆိုတာ စိစစ်ဖို့လိုပါမယ်။ အလုပ် Pressure များလို့ပေးတဲ့ Stress က လက်ခံလို့ရတယ်။ အထူးသဖြင့် ကိုယ့် Boss နဲ့ ကိုယ်အဆင်မပြေဘူးဆိုရင် ဘယ်အရာမှ မကောင်းတော့ဘူး။ […]
Posted On January 15, 2018, By Editorial

အထက်လူကြီးတွေနဲ့ Communication ကောင်းအောင် ဆောင်ရ၊ ရှောင်ရမယ့်အချက်တွေ

အထက်လူကြီးတွေနဲ့ Communication ကောင်းဖို့ဆိုတဲ့နေရာမှာ Upward Communication နဲ့ Downward Communication နှစ်မျိုးရှိပါတယ်။ အခုက Upward Communication ကောင်းဖို့ဆိုရင် ဘယ်လိုလုပ်ရမလဲ။ ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဆောင်ရန်အနေနဲ့ဆိုရင်တော့ ကိုယ့်အထက်လူကြီးနဲ့ ကိုယ်ပြောရမယ့်စကားကို ကြိုပြီးတော့ စဉ်းစားထားဖို့လိုမယ်။ ပြောမယ့်အကြောင်းအရာနဲ့ဆိုင်တဲ့ အခြေ ခံဗဟုသုတတွေ၊ Information တွေကို ရသလောက်စုပြီး ပြောဖို့လိုပါမယ်။ ပြောတဲ့အခါကျရင်လည်း ရှင်းရှင်းနဲ့ ဖြည်းဖြည်းပြောဖို့လိုတယ်။ အထက်လူကြီးနဲ့ ပြောနေတဲ့အခါမှာလည်း ကြားထဲမှာ အပြင်ကိစ္စတွေဝင်လာတတ်ပါတယ်။ ကိုယ်ပြောနေတဲ့အချိန် ကြားထဲကတစ်ယောက်က ၀င်ပြောပြီးတော့ တခြားကိစ္စ၀င်လုပ်သွားတယ်ဆို ခဏစောင့်လိုက်ပါ။ ပြီးရင်ပြန်ပြောတဲ့အခါ ကိုယ်အရှေ့က ပြောခဲ့တာကို Summarize လုပ်ပြီး ပြန်ပြောပြသင့်ပါတယ်။ လူကြီးက အလုပ်များတော့ အရှေ့က ကိုယ်ပြောထားပြီးသား အကြောင်းအရာတွေကို မှတ်မိချင်မှ မှတ်မိမယ်။ အဲဒါလေးတော့ […]
Posted On January 2, 2018, By Editorial

လုပ်ငန်းခွင်အတွင်း Productivity တက်အောင် ဘယ်လိုပြုမူကျင့်သုံးနေထိုင်သင့်ပါသလဲ၊ ဆောင်ရန် ရှောင်ရန်တွေကို ပြောပြပေးပါ

Productivity ဆိုတာက Production Efficiency တက်ဖို့ တိုင်းတာတဲ့အရာပါပဲ။ စီးပွားရေးလုပ်ငန်းတွေမှာ ကုန်ထုတ်လုပ်မှုစွမ်းအင်ဆိုတဲ့ ထုတ်ကုန်ရဖို့အတွက် စိုက်ရတဲ့အင်အား၊ ပစ္စည်းတစ်ခုထုတ်ဖို့အတွက်ကို အချိန်ဖြင့်သော်လည်းကောင်း၊ ငွေဖြင့်သော်လည်းကောင်း အရင်းအနှီးပြုရတဲ့ Input နဲ့ ထွက်လာတဲ့ Output မျှသလားဆိုတာကို Productivity နဲ့ တိုင်းတာကြည့်နိုင်ပါတယ်။ ထုတ်ကုန်ကို ဘယ်လောက်ကောင်းကောင်း၊ ဘယ်လောက်များများ၊ ဘယ်လောက်အချိန်အတွင်းမှာ ထွက်အောင်လုပ်နိုင်သလဲဆိုတာကို တိုင်းတာတာဖြစ်ပါတယ်။ Productivity က Profitability နဲ့ သွားပြီးအချိုးကျပါတယ်။ ထုတ်ကုန်စွမ်းအားက ပစ္စည်းထုတ်ဖို့အတွက် လိုအပ်တယ်။ ကုန်ပစ္စည်းထုတ်တယ်ဆိုတာက မြတ်ဖို့အတွက် ထုတ်ကြတာပါ။ အဲဒီအတွက် Equation လေးရှိတယ်။ Profitability = (Productivity, Unit Price, Volume) Profit အပေါ်မှာ Productivity ၊ Unit Price ၊ […]
Posted On October 17, 2017, By Editorial

ကုမ္ပဏီအတွင်းက ၀န်ထမ်းတွေထဲကနေပဲ ကိုယ့် Team အတွက် လူအင်အားဖြည့်ဖို့ စဉ်းစားတဲ့အခါ လေ့လာကြည့်သင့်တဲ့အချက်တွေ

ကိုယ်ကသာ ရုံးခန်းထဲမှာထိုင်နေတဲ့ မန်နေဂျာဖြစ်ရင် ကိုယ်ရွေးမယ့်သူအကြောင်းကို သိဖို့တော်တော်ခဲယဉ်းပါတယ်။ သိရင်လည်း စာရွက်ပေါ်မှာ ရေးထားတာလောက်ပဲ သိမယ်။ တော်တဲ့မန်နေဂျာတွေက ဘာလုပ်တတ်သလဲဆိုတော့ သူတို့တွေက ရုံးကို မကြာမကြာ တစ်ပတ်လောက် ပတ်ပြီးတော့ လျှောက်ကြည့်တတ်ပါတယ်။ အင်္ဂလိပ်လိုဆိုရင် Walking around the office ဖြစ်ပါတယ်။ ကိုယ်လေ့လာအကဲခတ်နေသူက သူများဌာနက ဖြစ်ချင်ဖြစ်မယ်၊ ကိုယ့်ဌာနက ဖြစ်ချင်ဖြစ်မယ်။ ကိုယ်ရွေးချင်တဲ့သူတွေရဲ့ အပြုအမူစရိုက်တွေကို ကြည့်တယ်။ စိတ်တိုတဲ့အချိန်မှာ ဘယ်လိုပြုမူတတ်သလဲ၊ ပျော်တဲ့အချိန်မှာ သူဘယ်လိုနေလဲ၊ စိတ်ဓာတ်ကျတဲ့အချိန်မှာ သူဘယ်လိုနေလဲ။ မလှမ်းမကမ်းကနေ အကဲခတ်ရပါတယ်။ Mental Note လို့ခေါ်တဲ့ စိတ်နဲ့ဆိုင်တဲ့ Note ကိုလည်း မှတ်ရမယ်။ ကိုယ်က Observation ကောင်းရမယ်။ အဲဒီလူကို မေးခွန်းမေးတတ်ရမယ်။ Openended Question တွေ မေးနိုင်ရမယ်။ […]
Posted On September 14, 2017, By Editorial

မန်နေဂျာတွေအနေနဲ့ မိမိ Team အတွက် ၀န်ထမ်းရွေးချယ်ခန့်အပ်တဲ့နေရာမှာ သိထားသင့်တဲ့အချက်တွေ

အင်တာဗျူးမေးမြန်းတဲ့အခါ သိထားသင့်တဲ့အချက်တွေကို အရင်ပြောပြပေးပါမယ်။ အင်တာဗျူးအစမှာ (Small Talk) အာလာပသလ္လာပ စကားလေးတွေလည်းပြောပါ။ အင်တာဗျူးတဲ့အခါ လာရောက်ဖြေဆိုသူကို ကျေးဇူးတင်ကြောင်းပြောပေးပါ။ သူတို့တွေ ရိုးရိုးသားသားနဲ့ ကိုယ့်ကိုပြောနေတဲ့အခါ ရိုးသားမှုကိုလည်း ချီးကျူးပါ။ မေးခွန်းတွေက Creative ဖြစ်ဖို့လိုပါတယ်။ သူဘယ်လိုစဉ်းစားပြီးမှ တုံ့ပြန်သလဲဆိုတာသိရဖို့ ဒီလိုမေးတာဖြစ်တယ်။ စကားရဲ့နောက်ကွယ်က အတွေးထဲမှာ သူဘာကိုရည်ညွှန်းချင်နေလဲဆိုတာကို နှိုက်ထုတ်ရမယ်။ သူတို့ရဲ့စိတ်နေစိတ်ထားပေါ်လွင်အောင် ခက်တဲ့မေးခွန်းတွေ မေးရမယ်။ ဥပမာ- ဒီကုမ္ပဏီမှာ ဘယ်လိုမျိုးတွေ ဖြစ်နေတယ်၊ မင်းရောက်လာရင် ဘယ်လိုကောင်းအောင် လုပ်ပေးနိုင်မယ်လို့ထင်လဲ။ ဒီမေးခွန်းက သူ့ရဲ့ Plan ကို ဆွဲထုတ်လိုက်တာဖြစ်တယ်။ သူဘယ်လိုလူမျိုးနဲ့ တွဲလုပ်ချင်လဲဆိုတာရယ်၊ ဘာကြောင့်တွဲလုပ်ချင်သလဲဆိုတဲ့ မေးခွန်းမျိုးမေးပါ။ ဒါမှ သူတို့ရဲ့ Opinion ကိုသိနိုင်မယ်။ နောက် သူ့မှာ Goal ရှိလားမေးပါ။ ဒါကိုဘာလို့မေးရလဲဆိုတော့ ဒီလူက […]
Posted On August 16, 2017, By Editorial

ဝန်ထမ်းတစ်ယောက်အနေနဲ့ အလုပ်မကြာခဏပြောင်းတာ ကောင်းပါသလား

ဒေါက်တာ တင်မမစိုး – HR Consultant cum MD, Billion Force Services Co Ltd မကြာခဏဆိုတဲ့အပိုင်းမှာ တစ်နှစ်၊ ဒါမှမဟုတ် တစ်နှစ်ခွဲလောက်ကို ဆိုလိုတယ်ထင်ပါတယ်။ ကျွန်မအနေနဲ့ ပြောရရင် Project Based သွားတာ မဟုတ်ရင် အနည်းဆုံး နှစ်နှစ်လောက်မရှိဘဲ အလုပ်တွေ တစ်ခုပြီး တစ်ခုပြောင်းနေတယ်ဆို မကောင်းဘူးလို့ပဲ ဖြေရမှာပါ။ နောက်အလုပ်တစ်ခုကို ရောက်တဲ့အခါ သူတို့ရဲ့ Profile လည်း မကောင်းစေဘူးလေ။ ခဏလေးနဲ့ အလုပ်ပြောင်းတတ်သူပဲ ကိုယ့်အဖွဲ့အစည်းမှာ ကြာကြာနေပါ့မလား၊ လူအများနဲ့ အဆင်ပြေအောင်နေတတ်မယ့်သူ မဟုတ်ဘူးထင်တယ်။ အင်တာဗျူးမှာ ပြောခဲ့သလောက် လက်တွေ့မှာ မလုပ်ပြနိုင်ဘူးထင်တယ် စသဖြင့် အမြင်ခံရဖို့ များတယ်။ အလုပ်ပြောင်းတယ်ဆိုတဲ့နေရာမှာ တော်ရုံအခက်အခဲရှိရုံ၊ အဆင်မပြေရုံနဲ့ မပြောင်းစေချင်ဘူး၊ အလုပ်ရှင်၊ […]
Posted On July 31, 2017, By Editorial