Akakara Japanese Hotpot

Akakara1 Akakara2 Akakara3

မြန်မာပြည်မှာ ပထမဆုံးဖွင့်လှစ်ခြင်းဖြစ်တဲ့ အာကာခါရာ ဂျပန်ဟော့ပေါ့ဆိုင်ဖွင့်ပွဲကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်က ဆိုင်တည်ရှိရာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ဂမုန်းပွင့်(ကမ္ဘာအေး) Shopping Mall မှာ ပြုလုပ်ခဲ့ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီကနေ ည ၁၀ နာရီထိ ဖွင့်လှစ်တယ်လို့ သိရှိရပါတယ်။ မြန်မာပြည်မှာဖွင့်လှစ်ရခြင်းဟာ အာကာခါရာဟော့ပေါ့ရဲ့အရသာကို မြန်မာပြည်သူတွေသိစေချင်တဲ့ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ခြင်းဖြစ်တယ်လို့သိရပါတယ်။ အာကာခါရာဟော့ပေါ့အပြင် မြန်မာပြည်သူတွေအတွက် ဂျပန်နည်းပညာနဲ့ မြန်မာရဲ့အရသာနဲ့ကိုက်ညီအောင် တခြား Menu  တွေလည်းရရှိနိုင်တယ်လို့ဆိုပါတယ်။ ဟော့ပေါ့ဈေးနှုန်းက အနည်းဆုံး တစ်သောင်းကျပ်ကနေစပြီးရှိပါတယ်။ တခြားမီနူးတွေအနေနဲ့ကတော့ ခုနစ်ထောင်ကျပ်ဝန်းကျင်ကနေစပြီးရှိပါတယ်။

 

Akakara4 Akakara5