AJ’s Bar & Grill

ရုံးဆင်းချိန်မှာ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့အတူ အနားယူခေါင်းဆေးနိုင်ဖို့ သက်သောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်နဲ့ တေးဂီတကြိုက်တတ်သူတွေအတွက်လည်း အဆင်ပြေစေမယ့်ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်က ဖွင့်ထားတာ တစ်နှစ်ဝန်းကျင်လောက်တော့ ရှိနေပါပြီ။

AJ1

ဆိုင်ဖွင့်ချိန်၊ ပိတ်ချိန် . . .

ဆိုင်က Daily ဖွင့်ပါတယ်။ ဆိုင်ဖွင့်ချိန်၊ ပိတ်ချိန်ကတော့ ၄ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်ပြီးတော့ Last order ကိုတော့ ၁၀ နာရီခွဲထိ နောက်ဆုံးလက်ခံပါတယ်။

AJ5

ဆိုင်မှာရနိုင်တဲ့ အစားအသောက်တွေအနေနဲ့ကတော့ . . .

အမေရိကန်စတိုင်လ်လုပ်ထားတဲ့အတွက်ကြောင့် Burger အမျိုးမျိုး၊ York Steak ၊ Salmon Steak စတဲ့ Menu တွေအပြင် Mexican Taco အမျိုးမျိုးနဲ့ Mexican Fish /Shrimp/Chicken Menu တွေလည်း ရနိုင်ပါတယ်။ အဓိကအားဖြင့်တော့ ဟင်းပွဲတွေက ဥရောပစတိုင်လ်ဟင်းပွဲတွေ များပါတယ်။

AJ4

အထူးဟင်းပွဲတွေအနေနဲ့ကတော့ . . .

ကျွန်တော်တို့ဆိုင်မှာ ပေါ်ပြူလာအဖြစ်ဆုံးနဲ့ ရောင်းအားအကောင်းဆုံးကတော့ Burger တွေ ဖြစ်ပါတယ်။

ဆိုင်ကို အလာများတာက . . .

Foreigner တွေအလာများပါတယ်။ Local တွေလည်း လာပါတယ် ဒါပေမဲ့ Foreigner တွေ အလာအများဆုံးပါ။

AJ2

Promotion အစီအစဉ်တွေ . . .

တနင်္လာကနေ သောကြာအထိ ညနေ ၄ နာရီကနေ ၇ နာရီ အထိ Happy Hour ရှိပါတယ်။ အဲဒီအချိန်အတွင်းဆိုရင် Appetizer တစ်ပွဲကို ၃၀၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးထားပါတယ်။ Drink ပိုင်းမှာဆိုရင်တော့ Cocktail တစ်ခွက်ကို ၃၀၀၀ ကျပ်နှုန်းနဲ့ သုံးဆောင်နိုင်ပါတယ်။ Myanmar Premium Draft ၊ Tuborg Draft ရှိပါတယ်။ Happy Hour အတွင်းမှာ Myanmar Premium Draft တစ်ခွက်သုံးဆောင်ရင် တစ်ခွက်ပေးပါတယ်။ Tuborg Draft ကျတော့ ၂ ခွက်သုံးဆောင်ရင် ၁ ခွက် လက်ဆောင်ပေးပါတယ်။

AJ6

အထူးအစီအစဉ်တွေ . . .

Friday Night တိုင်းကို စင်တင်တေးဂီတအဖွဲ့ထည့်သွားဖို့ ရှိပါတယ်။ Saturday Night ဆို Dancing Night လေး လုပ်ပေးထားပါတယ်။ Dance အစီအစဉ်လေးတွေလည်း ထည့်ပေးထားပါတယ်။ Tuesday မှာ Taco Night လုပ်သွားမှာဖြစ်ပြီး Taco တစ်ခုကို တစ်ဒေါ်လာနှုန်းနဲ့ ရောင်းချပေးသွားဖို့ စီစဉ်ထားပါတယ်။ Wednesday ဆို ည ၇ နာရီကစပြီးဆိုင်ပိတ်ချိန်အထိ Buy 1 Get 1 Free ပုံစံမျိုးနဲ့ Mojito Night    လုပ်ပေးထားပါတယ်။ စနေနေ့မှာ Dancing Night နဲ့အတူ Margrritr Cocktail တစ်ခွက်ဝယ်တစ် ခွက်လက်ဆောင်ပေးတဲ့ အစီအစဉ်ရှိပါတယ်။

AJ7

ချိတ်ဆက်ထားတဲ့ Delivery Service တွေကတော့ . . .

Yangon Door 2 Door နဲ့ ချိတ်ဆက်ထားပါတယ်။ အနီးအနားဝန်းကျင်ဆိုရင်လည်း ဆိုင်ကနေတိုက်ရိုက် Delivery လုပ်ပေးပါတယ်။ နေ့ခင်း ၁၁ ခွဲကနေ ည ၉ နာရီခွဲလောက်ထိ ပို့ပေးပါတယ်။

AJ3

ဆိုင်လိပ်စာ . . .

အမှတ် ၁၃၂၊ ဗိုလ်မြတ်ထွန်းလမ်းနှင့် အနော်ရထာလမ်းထောင့် ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်းနံပါတ် ၀၉-၇၈၅၄၂၂၁၅၁