AEC Grand Workshop ကျင်းပ

DSC_0032 copy

Parami Energy Group of Companies  က Main Sponsor အဖြစ် ပံ့ပိုးပြီး PT & MM Event Ads Co Ltd က စီစဉ်တဲ့  ASEAN Econ- omic Community(AEC) Grand Workshop ကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ Parami Energy Group of Compaines  ရဲ့ အကြီးတန်းအကြံပေး ဦးတင်ချိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး  တက်ရောက်လာကြတဲ့ အာဆီယံရေးရာကျွမ်းကျင် ပညာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက Myanmar ASEAN Chairmanship 2014 ၊ East West Economic Corridor and Myanmar၊ Inclusive Leadership Development ၊ Technical & Financial Assistance for SME Development  စတဲ့ ခေါင်းစဉ်တွေနဲ့ Panel Dicussion  တွေ ပြုလုပ်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ အာဆီယံရေးရာ ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန (အငြိမ်းစားအကြံပေး) ဒေါက်တာ ဒေါ်ခင် အုန်းသန့်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဒု-ဥက္ကဋ္ဌ ဦးအောင်မြင့်၊ National AFTA Unit (အငြိမ်းစား-ညွှန်ကြားရေးမှူး) ဒေါ်တင်တင်ထွေး၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ မီဒီယာနယ်ပယ်ပုဂ္ဂိုလ်တွေ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဖိတ်ကြားထားသူတွေနဲ့မီဒီယာတွေ တက်ရောက်ခဲ့ကြပြီး လက်ဖက်ရည်၊ ကော် ဖီ၊ နေ့လယ်စာတို့နဲ့ တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါတယ်။