3rd Myanmar Hospitality and Tourism Conference

၂၀၁၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က နေပြည်တော်၊ Kempinski ဟိုတယ်တွင် တတိယအကြိမ်မြောက် မြန်မာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း conference ကို ကျင်းပခဲ့ပါတယ်။ ဒီ conference ကို ၂ ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး ဒီအခမ်းအနားကို မြန်မာနဲ့ နိုင်ငံတကာဟိုတယ်လုပ်ငန်းရှင်ပေါင်း ၂၀၀ ကျော်တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ပွဲမှာ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဌေးအောင်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်၊ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးတို့မှ တက်ရောက်ခဲ့ကြပါတယ်။

ဇွန်လ ၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ conference မှာတော့ Hospitality & Tourism Industry မှာ လုပ်ငန်းလုပ်ကိုင်နေကြတဲ့ မြန်မာလုပ်ငန်းရှင်များတို့နဲ့အတူ နိုင်ငံတကာ ဟိုတယ်လုပ်ငန်းရှင်နဲ့၊ ပညာရှင်များက  The Visionaries Perspective – Navigating Through Myanmar’s dynamic hotel market ၊ Myanmar for Foreigner Investors – Maximizing on incentives and benefits for greater returns ၊ The pursuit of the ideal operator – What are Myanmar owners looking for when choosing an operator? ၊ The Brands Talk- Which is suitable for Myanmar and the market that it is pursuing? စတဲ့ ခေါင်းစဉ်တွေအပြင် interview session များ၊ panel discussion များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

IMG_9151 IMG_9232

IMG_9256

IMG_9288  IMG_9232 IMG_9178  IMG_9335

IMG_9167  IMG_9168