2014 ASEAN-BAC Chairmanship လွှဲပြောင်းရယူခြင်းအခမ်းအနား

DSC_4171

2014 ASEAN-BAC (ASEAN Business Advisory Council) Chairmanship ဘရူနိုင်းထံက လွှဲပြောင်းရယူတဲ့အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်က ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ PARKROYAL ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဖွင့်အမှာစကားပြောကြား ခဲ့ပြီး ASEAN-BAC ဘရူနိုင်းဥက္ကဋ္ဌ Fauziah DSP Talib ၊ ASEAN-BAC မလေးရှားဥက္ကဋ္ဌ Dato Ramesh Koddamal နဲ့ ASEAN-BAC မြန်မာဥက္ကဋ္ဌ ဦးဝင်းအောင်တို့က အမှာစကား အသီးသီး ပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ 2013 ASEAN-BAC ဘရူနိုင်းဥက္ကဋ္ဌ Fauziah DSP Talib က ကုန်သည်/စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်ကို 2014 ASEAN-BAC ဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

DSC_4157

ပုဂ္ဂလိကကဏ္ဍရဲ့ တုန့်ပြန်ချက်တွေကို ဖြည့်ဆည်းထောက်ပံ့ပေးဖို့နဲ့ အာဆီယံစီးပွားရေးအသိုက်အ၀န်း ထူထောင်ဖို့ အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို မြှင့်တင်နိုင်ရန် လမ်းညွှန်ပေးဖို့ ပြဋ္ဌာန်းချက်နဲ့အတူ ASEAN-BAC ကို ခုနစ်ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်အရ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်၊ ဧပြီလမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။