အာဆီယံရဲ့ ယှဉ်ပြိုင်နိုင်စွမ်းအပေါ် 2013 ASEAN-BAC လေ့လာဆန်းစစ်ချက် တင်ပြခြင်းနဲ့ မိတ်ဆက်ခြင်း အခမ်းအနား

DSC_4041

အာဆီယံရဲ့ ယှဉ်ပြိုင်နိုင်စွမ်းအပေါ် 2013 ASEAN-BAC (ASEAN Business Advisory Council) လေ့လာဆန်းစစ်ချက်ကို တင်ပြခြင်းနဲ့ မိတ်ဆက်ခြင်း အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်က ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ PARKROYAL ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

DSC_4047 အဆိုပါလေ့လာဆန်းစစ်ချက်ကို Lee Kuan Yew School of Public Policy က Assistant Professor Wong Marn Heong က တင်ပြဆွေးနွေးခဲ့ပါတယ်။ Lee Kuan Yew School of Public Policy နဲ့ ASEAN BAC တို့ပူးပေါင်းပြီး အာဆီယံရဲ့ ယှဉ်ပြိုင်နိုင်စွမ်းနဲ့ ပတ်သက်ပြီး သုံးကြိမ်မြောက်ပြုလုပ်တဲ့ လေ့လာဆန်းစစ်ချက်ဖြစ်တယ်လို့ သိရပါတယ်။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်လေ့လာဆန်းစစ်ချကကို ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၁-၂၀၁၂ ခုနှစ်တွေမှာ အသီးသီးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၃ ခုနှစ်လေ့လာဆန်းစစ်ချက်ကိုတော့ ၂၀၁၃ ခုနှစ်မေလကနေ သြဂုတ်လအတွင်း အာဆီယံဆယ်နိုင်ငံစလုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အာဆီယံရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းပေါ်အမြင်၊ အာဆီယံရဲ့ AEC အကောင်အထည်ဖော်ရေး တိုင်းတာဆောင်ရွက်ချက်တွေရဲ့ ထိရောက်မှု၊ AEC ကို ၂၀၁၅ မှာ အကောင်ထည်ဖော်ဖို့ ရည်မှန်းထားမှုရဲ့ ဖြစ်နိုင်ချေနဲ့ AEC ကြောင့် ဘယ်လိုအခွင့်အလမ်းတွေရလာနိုင်မလဲ စတဲ့အချက်တွေနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။