့ NSSA ရန်ကုန်ရုံးခွဲဖွင့်လှစ်ပွဲနှင့် GIZ (TVET Project ) မှ NSSA အား ရုံးသုံးပစ္စည်းပေးအပ်ပွဲ

 GIZ 2

NSSA ရန်ကုန်ရုံးခွဲဖွင့်လှစ်ပွဲအခမ်းအနားနဲ့ GIZ (TVET Project )မှ NSSA အား ရုံးသုံးပစ္စည်းပေးအပ်ပွဲကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်က  ရန်ကုန်မြို့ ရန်ကင်းမြို့နယ် မြနန္ဒာလမ်းမှာရှိတဲ့ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းမှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကနေ အဖွင့်အမှာစကား ပြောကြားပြီးနောက် GIZ မှ Country Director Mr Petra Schill က လှူဒါန်းရခြင်းနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းပြောပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လွဲပြောင်းပေးအပ်တဲ့ ပစ္စည်းတွေအတွက် လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

GIZ 1

GIZ မှ Country Director Mr Petra Schill

GIZ 5

အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်

GIZ 6 GIZ 4