ရုံးတွင်းအလုပ်သမားတွေ အတွက် အကြောလျော့နည်း၊ အကြောဆန့်နည်းများ

ရုံးတွင်းစားပွဲခုံနောက်မှာ နေ့တိုင်းအလုပ်လုပ်နေရသူတွေဟာ များသောအားဖြင့် ကိုယ်နေဟန်ထားမမှန်တာကြောင့် ခန္ဓာကိုယ်ကို ညောင်းညာပြီး လေးလံစေပါတယ်။ ထိုင်ခုံမှာ ပခုံးကို အားပြုပြီး မှီထိုင်တာဟာ ခေါင်းကိုက်တာ၊ ခါးနာတာ၊ ခါး၊ ဇက်ကြောနဲ့ ပခုံးတွေမှာ အကြောတင်းပြီး ညောင်းညာကိုက်တာတွေဖြစ်စေပါတယ်။ ဇက်၊ ပခုံး၊ ခါးနဲ့ ခါးအောက်ပိုင်းကြွက်သားတွေအတွက် အောက်မှာပြောပြမယ့် အကြောလျော့နည်းတွေကို အချိန်အနည်းငယ်ပေးပြီး ဆောင်ရွက်မယ်ဆိုရင် တစ်နေ့တာလုံး ညောင်းညာမှုနဲ့ စိတ်ဖိစီးမှုတွေ လျော့ပါးစေပြီး ခန္ဓာကိုယ်ကို ပျော့ပျောင်းစေမှာ ဖြစ်ပါတယ်။

 

၁ ရင်ဘတ်ပိုင်းအကြောလျော့နည်း

article portrait watermark final11

အလုပ်လုပ်ချိန်အများစုမှာ အရှေ့ကိုငိုက်ထိုင်ပြီး လုပ်ဖြစ်တာကြောင့် ရင်ဘတ်ရှေ့ပိုင်း အကြောလျော့ခြင်းဟာ ခန္ဓာကိုယ်အတွက် အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒီနည်းကတော့ လေ့ကျင့်ခန်းသုံးသားရေကြိုးကို အသုံးပြုပြီး ရင်ဘတ်ကြွက်သားတွေ အကြောလျော့နည်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းသားရေကြိုးဟာ အားကစားပစ္စည်းဆိုင်တွေမှာ ရရှိနိုင်ပြီး အလုပ်စားပွဲက အံဆွဲထဲမှာ အလွယ်တကူ သိမ်းထားနိုင်ပါတယ်။

နည်းလမ်း – ထိုင်လျက်၊ ဒါမှမဟုတ် မတ်တပ်အနေအထားနဲ့ သားရေကြိုးကို ကိုင်ပြီးလက်ကိုခေါင်းပေါ်သို့ ဆန့်ထုတ်ထားပါ။ လက်ကိုအောက်ကိုပြန်ချတဲ့အခါ သားရေကြိုးကို ဆွဲဆန့်ပြီး ဆယ်စက္ကန့်၊ စက္ကန့် ၃၀ လောက် ဆွဲဆန့်ထားပါ။

 

၂ ပခုံးတွန့်လေ့ကျင့်ခန်း

article portrait watermark final10

ကွန်ပျူတာရှေ့မှာ တစ်ချိန်လုံး အလုပ်လုပ်နေရသူတွေမှာ ပခုံးနဲ့ဇက်ကြောတွေ တောင့်တင်းပြီး ၀န်ပိစေပါတယ်။ ပခုံးတွန့်တာဟာ ပခုံးကို အညောင်းပြေစေပြီး သွေးလည်ပတ်မှု ကိုလည်း ကောင်းမွန်စေပါတယ်။

နည်းလမ်း – ထိုင်လျက်၊ ဒါမှမဟုတ် မတ်တပ်ရပ်အနေအထားနဲ့ ပခုံးကို နားရွက်ထိ ရောက်အောင် တွန့်နိုင်သမျ တွန့်ထားပါ။ တစ်စက္ကန့်၊ နှစ်စက္ကန့်လောက်ထားပြီး ပခုံးကို မူလအနေအထားအတိုင်း ပြန်ချပါ။ ရှစ်ကြိမ်၊ ဆယ်ကြိမ်လောက် အဲဒီနည်းအတိုင်း ဆက်လုပ်ပါ။

 

၃ နောက်ကျောအပေါ်ပိုင်း အကြောလျော့နည်း

article portrait watermark final5

ကျောအပေါ်ဘက်ပိုင်းဟာ ဖုန်းကို ပခုံးနဲ့ညှပ်ပြီးပြောတာ၊ Mouse ကို အသုံးပြုတာတွေကြောင့် အကြောတွေ တင်းသွားတတ်ပါတယ်။ ခုနကပြောသွားတဲ့ ပခုံးတွန့်တာဟာ အခု နောက်ကျောဘက်အကြောလျော့နည်းကို ပိုမိုလွယ်ကူစေပါတယ်။

နည်းလမ်း – ထိုင်လျက်၊ ဒါမှမဟုတ် မတ်တပ်ရပ်အနေအထားနဲ့ လက်တွေကို ဆန့်ထားပြီး ကိုယ့်ကိုယ်ကိုယ်ဖက်သလို ညာလက်ဖ၀ါးကို ဘယ်ဘက်ကျော၊ ဘယ်ဘက်လက် ဖ၀ါးကို ညာဘက်ကျောပေါ်ကိုရောက်အောင် လက်တွေကိုကွေးလိုက်ပါ။ ဆယ်စက္ကန့်၊ စက္ကန့် ၃၀လောက် ကွေးထားပါ။

 

၎ ကျောရိုးတစ်လျောက် အကြောလျော့နည်း

article portrait watermark final9

အခုကျောရိုးတစ်လျောက် အကြောလျော့နည်းဟာ အချိန်အတော်ကြာထိုင်တာကြောင့် ကျောအောက်ပိုင်းနဲ့ ခါးနာကျင်တောင့်တင်းသွားတာကို လျော့နည်းသွားစေနိုင်ပါ တယ်။

နည်းလမ်း – ထိုင်လျက်အနေအထားနဲ့ ခြေဖ၀ါးကို ကြမ်းပြင်ပေါ်ချကာ ကိုယ်ကို ရှေ့ကိုကိုင်းပြီး လက်ကိုအသုံးပြုအားယူကာ ခန္ဓာကိုယ်ကို ညာဘက်ကို လိမ်နိုင်သမျှ လိမ်ကာ ဆယ်စက္ကန့်၊ စက္ကန့် ၃၀ လောက်ထားပါ။ ပြီးရင် ပုံမှန်အနေ အထားပြန်နေပြီး ဘယ်ဘက်ကိုလည်း အဲဒီနည်းအတိုင်းဆောင်ရွက်ပါ။

 

၅ ခန္ဓာကိုယ်အပေါ်ပိုင်း အကြောလျော့နည်း

article portrait watermark final8

အလုပ်လုပ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်အနေအထား မှန်ကန်အောင် ဘယ်လောက်ပဲဂရုစိုက်စိုက် အချိန်ကြာသွားရင် အလိုလို မှီထိုင်မိသွားပြီး ခါးနာလာတတ်ပါတယ်။ ဒီနည်းလမ်းကတော့ နောက်ကျော၊ ကိုယ်လုံးနဲ့ လက်မောင်းမှာရှိတဲ့ ကြွက်သားတွေကို အကြောပြေလျော့စေမှာပါ။

နည်းလမ်း – ထိုင်လျက်၊ ဒါမှမဟုတ် မတ်တပ်အနေအထားနဲ့ လက်ချောင်းတွေကို ယှက်ထား ပြီး လက်ကိုမျက်နှာကြက်ဆီသို့ဆန့်ထုတ်ပါ။ ဆန့်နိုင်သမျ ဆန့်တဲ့အချိန်မှာ အသက်ကို ပြင်းပြင်းရှူသွင်းပါ။ ပြီးနောက် အသက်ရှူထုတ်ကာ လက်တွေကို ခွာပြီးပြန်ချပါ။ ရှစ်ကြိမ်၊ ဆယ်ကြိမ်လောက် လုပ်ပါ။

 

၆ လက်ဖျံအကြောလျော့နည်း

article portrait watermark final1

ကွန်ပျူတာနဲ့စာရိုက်လွန်းတဲ့အခါ လက်ကောက်နဲ့လက်ဖျံတွေမှာ အကြောတွေတောင့်တင်းနေ တတ်ပါတယ်။ အခုနည်းလမ်းကတော့ လက်ကောက်ဝတ်နဲ့ လက်ဖျံမှာရှိတဲ့ ကြွက်သားတွေ အတွက်ပါ။

နည်းလမ်း – ထိုင်လျက်၊ ဒါမှမဟုတ် မတ်တပ်အနေအထားနဲ့ ညာလက်ကို ဆန့်ထုတ်ပြီး လက်ချောင်းတွေကို အောက်ကိုစိုက်ထားပါ။ ဘယ်လက်နဲ့ အောက်ကိုစိုက်ထားတဲ့ လက်ချောင်း တွေကို မိမိဘက်ဆွဲပါ။ ဆယ်စက္ကန့်၊ စက္ကန့် ၃၀ လောက် ဆွဲထားပါ။ ဘယ်လက်ကိုလည်း အဲဒီနည်းအတိုင်းဆောင်ရွက်ပါ။

 

၇ ဇက်ကြောလျော့နည်း

article portrait watermark final6

လူအများစုဟာ ကွန်ပျူတာကြည့်တဲ့အခါမှာ ခေါင်းကိုရှေ့တိုးကြည့်တတ်ကြပါတယ်။ ဒါဟာ လည်ပင်းမှာရှိတဲ့ ကြွက်သားတွေကိုဝန်ပိစေပြီး ဇက်ကြောတက်ကာ ခေါင်းကိုက်ခြင်းနဲ့ နောက် ကျောအပေါ်ပိုင်းတွေကိုလည်း ညောင်းညာစေပါတယ်။

နည်းလမ်း – ထိုင်လျက်အနေအထားနဲ့ ကုလားထိုင်ရဲ့ခြေထောက်ကို ညာဘက်လက်နဲ့ ကိုင် ကာ ခေါင်းကိုဘယ်ဘက်ကို ဖြည်းဖြည်းချင်း စောင်းပါ။ လည်ပင်းရဲ့ညာဘက်ခြမ်းနဲ့ ပခုံးက အကြောတွေ ဆန့်သွားတာ ခံစားမိပါလိမ့်မယ်။ ဆယ်စက္ကန့်၊ စက္ကန့် ၃၀ လောက် စောင်း ထားပါ။ နောက်တစ်ဖက်ကိုလည်း အဲဒီနည်းအတိုင်း ဆောင်ရွက်ပါ။

 

၈ တင်ပါးဆုံပိုင်းအကြောလျော့နည်း

article portrait watermark final4

ပေါင်နဲ့တင်ပါးဆုံပိုင်းတွေဟာ အချိန်အကြာကြီးထိုင်ရတဲ့အခါ ကြွက်သားတွေ တင်းလာပြီး ညောင်းညာစေပါတယ်။

နည်းလမ်း – မတ်တပ်ရပ်အနေအထားနဲ့ ညာဘက်ခြေထောက်ကို အပြေးပြိုင်ခါ နီးအားယူသလို ခြေလှမ်းကျယ်ကျယ် နောက်သို့လှမ်းပါ။ ပြီးရင် ဒူးကိုကွေး ချလိုက်ပါ။ ဆယ်စက္ကန့်၊ စက္ကန့် ၃၀ လောက် ကွေးထားပါ။ နောက်တစ်ဖက်ကိုလည်း အဲဒီနည်းအတိုင်းဆောင်ရွက်ပါ။

 

၉ တင်ပါးကြွက်သားများ ထိုင်လျက် အကြောလျော့နည်း

article portrait watermark final3

ဒီနည်းလမ်းဟာ တင်ပါးဆုံပိုင်းကြွက်သားအများစုကို အကြောလျော့သွားစေတဲ့နည်းလမ်းပါ။

နည်းလမ်း – ထိုင်လျက်အနေအထားနဲ့ ညာဘက်ခြေကျင်းဝတ်ကို ဘယ်ဘက်ဒူးပေါ် တင်ထားပြီး မတ်မတ်ထိုင်ပါ။ ခါးကိုဆန့်ထားပြီး ညာဘက်တင်ပါးဆုံကြွက်သားတွေ အ ကြောဆန့်သွားတာကို ခံစားမိတဲ့အထိ ဖြည်းဖြည်းချင်းရှေ့ကိုညွှတ်ပါ။ ညာဘက်ဒူးကို အောက် ကို ဖိတွန်းပြီး ကြွက်သားတွေကို ပိုမိုဆန့်ထုတ်နိုင်ပါတယ်။ ဆယ်စက္ကန့်၊ စက္ကန့် ၃၀ လောက် ရှေ့ကိုကုန်းထားပါ။ တခြားတစ်ဖက်ကိုလည်း အဲဒီနည်းအတိုင်းဆောင်ရွက်ပါ။

 

၁၀ ပေါင်အတွင်းပိုင်းအကြောလျော့နည်း

article portrait watermark final2

ဒီနည်းက စကပ်၊ ထမိန်ဝတ်ထားတဲ့အခါ သိပ်မဆင်မပြေပေမဲ့ ပေါင်အတွင်းပိုင်းကြွက်သားတွေ၊ တင်ပါးဆုံပိုင်းတွေအတွက် ညောင်းညာမှုတွေ ပြေလျော့စေနိုင်တဲ့ နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။

နည်းလမ်း – ထိုင်လျက်အနေအထားနဲ့ ခြေထောက်တွေကို ခပ်ကားကားထိုင်ကာ တံ တောင်ကို ပေါင်ပေါ်တင်ပြီး ခါးဆန့်ထားပါ။ ပေါင်အတွင်းပိုင်းကြွက်သားတွေဆန့်သွား တာကိုခံစားမိတဲ့အထိ ခန္ဓာကိုယ်ကို တဖြည်းဖြည်း ရှေ့ကိုကိုင်းကာ တံတောင်တွေကလည်း ခြေထောက်ကို ပိုကားအောင်လုပ်ပါ။ ဆယ်စက္ကန့်၊ စက္ကန့် ၃၀ လောက်ပြုလုပ်ပါ။

သွင်ထူး