နိုဝင်ဘာ ၂၇ ရက်တစ်ရက်တည်းသာ ပြုလုပ်သွားမယ့် Shop.com.mm ရဲ့ Black Friday Online ဈေးရောင်းပွဲ

နိုဝင်ဘာလ ၂၇ ရက်နေ့ တစ်ရက်တည်းသာ အထူးလျှော့ဈေးများဖြင့် ရောင်းချပေးသွားမယ့် အစီအစဉ်ကို shop.com.mm က ပြုလုပ်သွားမှာပါ။ 

Ooredoo ၊ Philips ၊ Maybelline တို့ကလည်း Sponsor များအဖြစ်ပူးပေါင်းပါဝင်ထားတာဖြစ်ပါတယ်။ 

နိုဝင်ဘာ ၂၇ ရက်နေ့ မိမိဖုန်းကနေ shop.com.mm website ကိုပဲဖြစ်ဖြစ်၊ App ကိုပဲဖြစ်ဖြစ် အသုံးပြုကာ ဈေးဝယ်သူတွေအတွက် Ooredoo က အင်တာနက်ဖိုး ငွေဖြတ်တောက်ခြင်း ရှိမှာမဟုတ်ပါဘူး။ 

Philips ကတော့ နိုဝင်ဘာ ၂၇ ရက်နေ့ တစ်ရက်တည်းအတွက် သူရဲ့ AirFryer ကို အထူးဈေးလျှော့ပေးထားတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် တခြား Philips ပစ္စည်းအများအပြားကိုလည်း အထူးဈေးနှုန်းတွေနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ 

Maybelline ရဲ့ အလှကုန်ပစ္စည်းအများအပြားကိုလည်း အဲဒီနေ့မှာ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချထားတဲ့ ဈေးနှုန်းများနဲ့ ၀ယ်ယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ငန်းစတင်တာ တစ်နှစ်ကျော်ရှိပြီဖြစ်တဲ့ shop.com.mm ဟာ Black Friday Online ဈေးရောင်းပွဲကို မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်တာဖြစ်ပါတယ်။ နှစ်စဉ် နိုဝင်ဘာလ နောက်ဆုံးပတ်သောကြာနေ့တွင် တစ်နှစ်တာအတွက်အကောင်းဆုံးဈေးရောင်းပွဲတော်ကျင်းပတဲ့ဓလေ့ဟာ အမေရိကန်နိုင်ငံကနေ စတင်ခဲ့တာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းနိုင်ငံတော်တော်များများမှာ ပြုလုပ်လေ့ရှိတာဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာ ၂၇ ရက်နေ့မှာကျင်းပသွားမယ့် shop.com.mm ရဲ့ Black Friday Online ဈေးရောင်းပွဲမှာ စမတ်ဖုန်းတွေ၊ ဖက်ရှင်ပစ္စည်းတွေ၊ အိမ်အသုံးအဆောင်ပစ္စည်းတွေ၊ ပရိဘောဂ စတဲ့ ပစ္စည်းအများအပြားကို အထူးဈေးနှုန်းများဖြင့် ၀ယ်ယူနိုင်ကြမှာဖြစ်တယ်လို့သိရပါတယ်။ 

 

Dr Jonathan Doerr

Co-CEO Daraz Asia

www.daraz.com