၅ နှစ်ပြည့် သရပါစာကြည့်တိုက်

ပြည်သူများ အသိပညာတိုးပွားစေဖို့နဲ့ စာအုပ်စာပေတွေကို ခေတ်နဲ့အညီဖတ်ရှုနိုင်ရန်ရည်ရွယ်ပြီး ဖွင့်လှစ်တဲ့ သရပါစာကြည့်တိုက်ရဲ့ ငါးနှစ်ပြည့်အခမ်းအနားကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်က ရန်ကုန်မြို့ရှိ Central Hotel မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ စာရေးဆရာဟိန်းလတ်က မုဒိတာစကားပြောကြားခဲ့ပြီး သရပါ စာကြည့်တိုက်မှူး ဦးရဲထက်ဦးက စာကြည့်တိုက်အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ သရပါစာကြည့် တိုက်ကို ၂၀၀၉ခုနှစ်၊ ဇန်န၀ါရီလ ၁၉ ရက်ကနေ စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ စာအုပ်ရေပေါင်း နှစ်သောင်းကျော်နဲ့ အသင်းဝင်စုစုပေါင်း ငါးထောင်ကျော်ရှိတယ်လို့ သိရပါတယ်။ မိုဘိုင်းစာကြည့်တိုက်ဝန် ဆောင်မှု၊ အင်္ဂလိပ်စာသင်တန်းများ၊ နိုင်ငံတကာကျောင်းပညာရေးအတွက် ဆွေးနွေးတိုင်ပင်တဲ့ဝန်ဆောင်မှု တွေကို ဆောင်ရွက်ပေးလျှက်ရှိပြီး သရပါစာကြည့်တိုက်ကို အမှတ် ၃၀/၃၂၊ ၁၀ လမ်း၊ လမ်းမတော်မြို့နယ်မှာ ဖွင့်လှစ်ထားပါတယ်။ သရပါစာကြည့်တိုက်ကို မနက် ၉နာရီခွဲကနေ ညနေ ၄နာရီခွဲအထိ ပိတ်ရက်မရှိ ဖွင့်လှစ် ထားပြီး ဖုန်းနံပါတ် ၀၉၃၂၃၆၂၀၀၉~၁၁ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

people portrait water mark final5 people portrait water mark final  article landscape wartermark final4