၁၄ နှစ်ကြာမှ ကိုယ်ပိုင်အခွေထွက်လာတဲ့ Snare ရဲ့ ဘကြီးဖြိုးနဲ့ ဦးနေ၀င်း

Snare

Snare ရဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ ဘကြီးဖြိုးနဲ့ ဦးနေ၀င်း DVD လက်မှတ်ထိုးပွဲကို ၂၀၁၄ ခုနှစ်၊ နိုဝင် ဘာလ ၁၅ ရက်က ရန်ကုန်မြို့ရှိ Junction Maw Tin မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါအခွေနဲ့ပတ်သက်လို့ ဖြိုးလေးက ”ဒီအခွေက Snare သီးသန့် MTV ဖြစ်တယ်။ ကျွန်တော်တို့ သီချင်းဆိုတဲ့ ၁၄ နှစ်အတွင်းမှာ ဒါက ပထမဆုံးအခွေပါပဲ။ ပြောလို့မရအောင်ကို ၀မ်းသာပါတယ်။ ကျွန်တော်တို့ လူပင်ပန်း၊ စိတ်ပင်ပန်းခံပြီး အကောင်းဆုံးကြိုးစားထားပါတယ်။ ဒီအခွေကို ကြည့်ကြည့်ပါ၊ မမြင်ဘူးတဲ့ရှုထောင့်တွေကနေ ရိုက်ထားတာတွေ အများကြီးပါပါတယ်” လို့ပြောပြခဲ့ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်မှာတော့ ရန်ကုန်မြို့ရှိ မျော်စင်ကျွန်းမှာ Snare Show ကို ကျင်းပခဲ့ပါတယ်။

Snare 2 Snare 3 Snare 4 Snare 5 Snare 8