မြန်မာနိုင်ငံမှာ ဒုတိယအကြိမ်မြောက် ပြင်သစ်သံရုံးက ကြီးမှူးကျင်းပတဲ့ Women Forum 2014

Asean 3

 

Woman 1

ပြင်သစ်သံရုံးက မြန်မာနိုင်ငံမှာ ဒုတိယအကြိမ်မြောက် ကြီမှူးကျင်းပတဲ့ Women Forum 2014 ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၊ ၅ ရက်မှာ  နေပြည်တော်ရှိ MICC-2 နဲ့ ဒီဇင်ဘာလ ၆ ရက်မှာ ရန်ကုန်မြို့ရှိ Chatrium Hotel တို့မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ Forum ကို နိုင်ငံတော် သမ္ပတ ဦးသိန်းစိန် ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အနယ်နယ်အရပ်ရပ်မှ တာဝန်ရှိသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ စုစုပေါင်း ၁၀၀၀ ခန့်တက်ရောက်ခဲ့ကြပြီး နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေကို ရှုထောင့်စုံမှ ဆွေးနွေးခဲ့ကြပါတယ်။ ပွဲမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အမျိုးသမီးကဏ္ဍလည်းတိုးတက်ဖို့ လိုတယ်ဆိုတာကို အဓိကထားဆွေးနွေးခဲ့ကြပါတယ်။ အမျိုးသမီး ကဏ္ဍတိုးတက်လာတာနဲ့အမျှ အမျိုးသားတွေနဲ့အမျိုးသမီးတွေပူးပေါင်းပြီး တိုင်းပြည်တိုးတက်ရေးလုပ်ငန်းစဉ်တွေကို ပိုမိုဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း၊ အမျိုးသမီးကဏ္ဍ တိုးတက်ဖို့အတွက် အစိုးရဘက်နဲ့ တခြား လူမှုအဖွဲ့အစည်းဘက်တွေကို ပံ့ပိုးကူညီမှုတွေ ပိုမိုပြုလုပ်ပေးသင့်တဲ့အပြင် အမျိုးသားတွေဘက်ကလည်း ပူးပေါင်းဆောင်ရွက်သင့်ကြောင်းနဲ့ အမျိုးသမီးတွေကလည်း ဒီထက်ပိုပြီးကြိုးစားသင့်ကြောင်း စသဖြင့် ဆွေးနွေးခဲ့ကြပါတယ်။ Women Forum 2014 နဲ့ပက်သတ်ပြီး အသေးစိတ်သိချင်တယ်ဆိုရင်တော့ www.womens-forum.com မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

Asean 1

Asean 2

Woman 3 Woman 2