မြန်မာနိုင်ငံမှာ ဒုတိယအကြိမ်ကျင်းပမယ့် နိုင်ငံတကာဆေးဝါးဆိုင်ရာကုန်စည်ပြပွဲအတွက် သတင်းစာရှင်းလင်းပွဲ

article landscape wartermark final9

မြန်မာနိုင်ငံမှာ ဒုတိယအကြိမ်ကျင်းပမယ့် နိုင်ငံတကာဆေးဝါးဆိုင်ရာကုန်စည်ပြပွဲအကြို သတင်းစာရှင်းလင်းပွဲကို  UMFCCI ရှိ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းရုံးမှာ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၃ ရက်က ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာတော့မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း ဥက္ကဌက အဖွင့်အမှာစကားပြောကြားပြီး တွဲဖက်အတွင်းရေးမှုး ဦးသိန်းနိုင်ဝင်းက ထပ်ဆင့်ရှင်းလင်းပြောပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကြွရောက်လာကြတဲ့ မီဒီယာများက မေးမြန်းမှုတွေကို သက်ဆိုင်ရာအလိုက် ဖြေကြားပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပြပွဲကို ဇူလိုင်လ ၁၀ ရက်ကနေ ၁၂ ရက်ထိ မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမမှာ  ကျင်းပပြုလုပ်မှာဖြစ်ပြီး နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ဆေးဝါးလုပ်ငန်းကုမ္ပဏီတွေက ကျန်းမာရေးဆိုင်ရာ ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ပြသပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။