ပျော်ပျော်ရွှင်ရွှင် ဆုံကြတဲ့ပွဲ

plt20164

plt20162

တူဒေးစာအုပ်တိုက်က ထုတ်ဝေတဲ့ ပလုတ်တုတ်ကလေးဂျာနယ်မှာ ပါဝင်ရေးသားနေကြတဲ့ စာရေးဆရာများ၊ ကာတွန်းဆရာများ၊ သရုပ်ဖော်ပုံရေးဆွဲသူများနဲ့ အယ်ဒီတာအဖွဲ့တို့ ရင်းနှီးခင်မင်စွာ ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံပွဲကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် (စနေနေ့) နေ့လယ်ပိုင်းက Zephur Coffee & Restaurant၊ စိမ်းလန်းစိုပြည်ဥယျာဉ်၊ အင်းလျားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

plt20161

အဲဒီပွဲမှာ တက်ရောက်လာတဲ့ ဆရာများက ပလုတ်တုတ်ကလေးဂျာနယ်အတွက် ၀ိုင်းဝန်းအကြံပေးဆွေးနွေးကြပြီး မန်နေးဂျင်းဒါရိုက်တာ ဦးစောရန်နိုင်က ကျေးဇူးတင်စကားပြောကြားကာ လက်ဆောင်ပစ္စည်း ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ အဲဒီနောက် နေ့လယ်စာကို ပျော်ပျော်ရွှင်ရွှင် ၀ိုင်းဖွဲ့စားသောက်ခဲ့ကြပါတယ်။

plt20163