အပြည်ပြည်ဆိုင်ရာ ချည်မျည်နှင့် အထည် အလိပ်ဆိုင်ရာ စက်ပစ္စည်း ပြပွဲ အကြို သတင်းစာ ရှင်းလင်းပွဲ ကျင်းပ

T & G 2

မြန်မာနိုင်ငံမှာ ထပ်မံကျင်းပမဲ့ စတုတ္တအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ချည်မျဉ်နှင့် အထည်အလိပ် ဆိုင်ရာ စက်ပစ္စည်းပြပွဲ အတွက် သတင်းစာရှင်း လင်းပွဲကို ၂၀၁၅၊ဇွန်လ ၂၄ ရက်က ရန်ကုန်မြို့ရှိ UMFCCI မှာ ကျင်းပခဲ့ပါတယ်။ နောက်ဆုံးပေါ် နည်းပညာတွေကို လေ့လာရန်နိုင်ဖို့၊ အနာဂတ် စီးဟွးရေးလုပ်ငန်းတွေတိုး တက်အောင်မြင်ဖို့ စီးပွားရေးလုပ်ငန်းရှင်များ အသစ်တွေနဲ့ တွေ့ဆုံဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ပြပွဲကို ရန်ကုန်မြို့ ရှင်စောပုလမ်းမှာ ရှိတဲ့ Myanmar Event Park မှာ ဇွန်လ ၂၆ ရက်နေ ၂၉ ရက်နေ့ထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

နိုင်ငံပေါင်း ၁၆ နိုင်ငံမှာ ရှိတဲ့ လုပ်ငန်းရှင်၇၅ ဦးခန့်နဲ့ အ၀တ်အထည် ထုတ်လုပ်တဲ့ နာမည်ကြီးအမှတ်တံဆိပ်ရဲ့ ကုန်ပစ္စည်း အသစ်တွေ ၊နည်းပညာတွေ၊ အ၀တ်အ ထည်နဲ့ပက်သက်တဲ့ ချုပ် လုပ် ခြင်း၊ အထည်ရက်ခြင်း၊ ဆေးဆိုးခြင်း၊ ချည်ထိုးခြင်း၊တိုင်းထွာခြင်း နဲ့ အပြီးသတ် ချုပ် လုပ်နိုင် တဲ့ စက်များအပြင် အခြားဆက်စပ် ပစ္စ ည်း တွေကိုလည်း ပါဝင် ပြသမယ်လို့ သိရပါတယ်။ ဒီပွဲကို YORKERS TRADE & MARKETING SERVICE CO; LTD က စီစဉ်ပြီး မြန်မာနိုင်ငံ အထည်အချုပ်လုပ်ငန်းရှင်များ အသင်း နဲ့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့ရဲ့ ပံ့ပိုးမှု၊ထောက်ပံ့မှု တို့နဲ့ ပြုလုပ်မဲ့ ပြပွဲကြီး ဖြစ်တယ်လို့ သိရပါတယ်။

T & G 1