အကောင်းဆုံး ဘာဘွန်ဝီစကီ ၂၀

best-bourbon-whiskeys-woodford-reserve-distillery-barrels အကောင်းဆုံးဘာဘွန်ဝီစကီတွေကို စူးစမ်းရှာဖွေတာဟာ အရွယ်ရောက်တဲ့ ယောကျာ်းတိုင်းအတွက် တန်ဖိုးအရှိဆုံး ဝါသနာတွေထဲမှာပါဝင်ပါတယ်။ အရသာအမျိုးမျိုးနဲ့ မူးယစ်တဲ့ခံစားမှုတွေ ပေါင်းစပ်ပြီး ရင်ခုန်စရာကောင်းစွာ ရှာဖွေရတဲ့ အဲဒီဝါသနာထက် ပိုကောင်းတာရှိပါ့ဦးမလား။ ဒါကိုကိုယ်လက်မခံရင် ကိုယ်ဟာ ကမ္ဘာ့အကောင်းဆုံး ဘာဘွန်ဝီစကီတွေကို မမြည်းဖူးသေးလို့ဖြစ်ပါလိမ့်မယ်။

ဒါမှမဟုတ် ကိုယ်ဟာတချို့ကိုသောက်ဖူးပေမယ့် သင့်ဘဝကိုပြောင်းလဲပေးမယ့် ဘာဘွန်မျိုးကို မသောက်ဖူးသေးလို့ဖြစ်မယ်။ အကောင်းဆုံးဘာဘွန်တွေကို ကိုယ်မသောက်ခင် ဗဟုသုတအဖြစ် ကမ္ဘာ့ထိပ်တန်းဘာဘွန်ဝီစကီအမျိုးပေါင်း ၂၀ ကို ဖော်ပြပေးလိုက်ပါတယ်။

ဘာဘွန်ဆိုတာဘာလဲ

ဝီစကီဟာ အချဉ်ဖောက်ထားတဲ့ ဂျုံစေ့မှ ချွေးပေါင်းခံထားတဲ့ အရက်တစ်မျိုးဖြစ်ပြီး ဘာဘွန်ကတော့ ဝီစကီ တစ်မျိုးဖြစ်ပါတယ်။ ဘာဘွန်ဝီစကီကို သီးသန့်ချက်မယ်ဆိုရင် အရက်ချက်ရာမှာသုံးတဲ့ Mash Bill အခြေခံဂျုံစေ့ အရောအနှောထဲမှာ ပြောင်း ၅၁ ရာခိုင်နှုန်း အနည်းဆုံးပါ ဝင်ရမှာပါ။ ဒါအပြင် ပုံမှန်အားဖြင့် အခြောက်ခံမှုဟာ အညှောက်၊ ရိုင်းဂျုံ၊ ဒါမှမဟုတ် ရိုးရိုးဂျုံတို့ ပါဝင်လေ့ရှိပါ တယ်။ ရိုင်းဂျုံအစား ရိုးရိုးဂျုံဖြင့်ပြုလုပ်တဲ့အခါ ဂျုံဖြင့်ချက်တဲ့ဘာဘွန်လို့ခေါ်ပါတယ်။ ဘာဘွန်ဝီစကီအားလုံး ကို အတွင်းပိုင်းမီးမြှိုက်ပြီးသား ဝက်သစ်ချစည်အသစ် ကြီးတွေထဲမှာ အနည်းဆုံးနှစ်နှစ်ခန့်ထည့်လှောင်ထားရပါတယ်။

best-bourbon-whiskeys-woodford-reserve-distillery-stills

ကောင်းတဲ့ဘာဘွန်ဆိုတာဘာလဲ

အတိအကျပြောရရင် အရည်အသွေးပြည့်ဝတဲ့ ဘာဘွန်ဟာ အနည်းဆုံးခုနစ်နှစ်ကနေ အများဆုံး ၁၂ နှစ်အထိ သိုလှောင်မှုသက်တမ်းရှိရပါတယ်။ အဲဒါမှ ဝက်သစ်ချစည်ရဲ့အရသာနဲ့ ထိတွေ့ခံစားမှုကို ဘာဘွန်ဝီစကီက အပြည့်အဝစုပ်ယူနိုင်မှာဖြစ်ပါတယ်။ အဲဒီအခါ ဘာဘွန်ဟာလှပတဲ့ အညိုရောင်၊ ဒါမှမဟုတ် ရွှေလိမ္မော်ရောင်ဖြစ်ပြီး အရသာနူးညံ့ညက်ညောမှုနဲ့ လျှာပေါ်ချောမွတ်မှုတို့ကို ထိန်းညှိ  ပေးပါတယ်။

best-bourbon-whiskeys-woodford-reserve-distillery-mash

          ထိပ်တန်းဝီစကီတံဆိပ်တွေ (ဥပမာ-Wild Turkey) ဟာကြွယ်ဝတဲ့ အနံ့အရသာ၊ ဟင်းခတ်အမွှေးအ ကြိုင်နဲ့ အယ်လ်ကိုဟော ရာခိုင်နှုန်းများစွာပါရှိခြင်းဖြင့် ယမကာသောက်သူတွေရဲ့ လေးစားနှစ်သက်မှုရရှိကြပါ တယ်။ ဒါကြောင့် ဘာဘွန်တစ်ငုံငုံတိုင်း ရင်ခေါင်းထဲမှာ ပူသွားပါတယ်။ သက်တမ်းပြည့်ဝစွာ ပေါင်းခံထားခြင်း မရှိရင်၊ ဒါမှမဟုတ် ကျွမ်းကျင်တဲ့ အရက်ချက်သူဟာ အစကတည်းက ဘာဘွန်ချက်တဲ့ လုပ်ငန်းစဉ်ကို မကြီးကြပ်ခဲ့ရင် အရည်အသွေးမပြည့်ဝ၊ စံချိန်မမီတဲ့ ဘာဘွန် ဖြစ်လာပါလိမ့်မယ်။ အကောင်းဆုံး ဘာဘွန်ဝီစကီအမျိုး ၂၀ ကို အဆင့်ခွဲခြားသတ်မှတ်ထားခြင်းမပြုဘဲ ဖော်ပြရမယ်ဆိုရင် . . .

၁။  George T. Stagg

20-Best-Bourbon-Whiskeys-George-T-Stagg

ဒီဘာဘွန်ဝီစကီရဲ့နာမည်က ဝီစကီလုပ်ငန်းရဲ့ ရှေ့ဆောင်ပုဂ္ဂိုလ်ကြီးရဲ့နာမည်ကို အစွဲပြု မှည့်ထားတာဖြစ်ပြီး အရေအတွက် ကန့်သတ်ထုတ်လုပ်ဖြန့်ချိပါတယ်။ Stagg တံဆိပ် ဘာဘွန်အုပ်စုတိုင်းဟာ သက်တမ်းအနည်းဆုံး ၁၅ နှစ်ရှိပါတယ်။ ဆုတွေရ ထားတဲ့ ဒီဘာဘွန်ရဲ့ အရသာဟာ တစ်နှစ်နဲ့ တစ်နှစ်မတူပါဘူး။ သက်တမ်းရင့်လေ အရသာပိုကောင်းလေ ဖြစ်ပါတယ်။ ဘယ်နှခုနှစ်မှာပဲ ထုတ်ထုတ် Stagg ဘာဘွန်ဟာ သင်မေ့မရနိုင်စရာ အကောင်းဆုံးဘာဘွန်တချို့ထဲမှာ ပါဝင်မှာပါ။

၂။  William Larue Weller

20-Best-Bourbon-Whiskeys-William-Larue-Weller

ဂျုံနဲ့ချက်တဲ့ ဘာဘွန်မျိုးဖြစ်တဲ့ ဒီဘာဘွန်နာမည်လည်း ဝီစကီလုပ်ငန်းရှေ့ဆောင်ပုဂ္ဂိုလ်ကြီး  Weller ရဲ့ နာမည် ဖြစ်ပါတယ်။ ကိုယ်ပထမဆုံးမြည်းကြည့်ရုံနဲ့ ဒီဘာဘွန်က ကိုယ့်ဘဝကို ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။ အညိုမှရွှေရောင်သန်းတဲ့ ဒီဘာဘွန်ကကိုယ့်လျှာပေါ်မှာချောမွတ်ပြီး ဆုတွေလည်းရထားလို့ ကမ္ဘာ့အကောင်ဆုံး ဘာဘွန် အုပ်စုထဲမှာ ပါဝင်ပါတယ်။

၃။  Pappy Van Winkle’s Family Reserve 20 Year

0002

Pappy 20 Year ဟာ ရောင်းလိုအားနဲ့ ဝယ်လိုအားမမျှလို့ သီးသန့်အဆင့်မြင့် ဘာဘွန် ဖြစ်နေပါတယ်။ ဒီဝီစကီ တစ်ငုံသောက်လိုက်ရုံနဲ့ သင့်တစ်သက်စွဲသွားလောက်အောင် အရသာက ကောင်းလှပါတယ်။ ဒီဘာဘွန်တစ်ပုလင်း (ဒါမှမဟုတ် တခြားဘယ် Pappy ပုလင်းမဆို) ဝယ်ခွင့်ရဖို့ဟာ စရိတ်များပြီး ခက်ခဲတဲ့ကိစ္စဖြစ်တတ်ပါတယ်။ ဘာဘွန် အကြောင်း ကျွမ်းကျင်သူတွေနဲ့ ဘာဘွန်ကြိုက်တတ်သူတွေအများအပြားက အထူး နှစ်သက်ပြီး တချို့က ကမ္ဘာ့ အကောင်းဆုံးဘာဘွန်လို့တောင် သတ်မှတ်ထားပါတယ်။

၎။ W. L. Weller 12 Year

0001

Pappy ဘာဘွန်ဝယ်ဖို့အတွက် ကိုယ့်ရဲ့အိမ်လခ တစ်လစာလောက်မသုံးချင်ရင် Weller 12 Year ဘာဘွန်ကို ဝယ်သောက်ပါ။ Pappy ကို မမီပေမယ့် ယင်းထက်များစွာ ဈေးချို တဲ့ ဒီဘာဘွန်ဟာလည်း အကောင်းဆုံးဘာဘွန်စာရင်းထဲမှာ ပါပါတယ်။

၅။  Maker’s Mark Cask Strength

Best-Bourbon-Gear-Patrol-Makers-Mark

Maker’s Mark ရဲ့ ရိုးရိုးဘာဘွန်နဲ့ခြားနားတဲ့ Cask Strength ဘာဘွန်က အရသာအထူး ကောင်းမွန်ပြီး အယ်ကိုဟောလ် ရာခိုင်နှုန်းလျော့အောင် ရေမရောထားလို့ အပူရှိန် မြင့်ပါတယ်။ အပူများတာကို ကိုယ်ခံနိုင်ရင် ဝက်သစ်ချ၊ ကာရာမဲလ်၊ ဗင်နီလာနဲ့ အမွှေးအကြိုင်တွေ ရောစပ်ထားတဲ့ အရသာကို ကိုယ်ခံစားရပါလိမ့်မယ်။

၆။ Russell’s Reserve 10 Year

0005

Russell’s Reserve ဟာ ဈေးနှုန်းသင့်ပြီး လုံးဝလက်ရာမြောက်တဲ့ ဘာဘွန်ဖြစ်ပါတယ်။ Wild Turkey က ဘာဘွန်ချက်တဲ့ ဆရာကြီးတွေရဲ့ ဒုတိယမျိုးဆက်ကို ကိုယ်စားပြုပြတဲ့ Jimmy နဲ့ Eddie Russell တို့က ထုတ်လုပ်တာပါ။ အယ်ကိုဟောလ် ၉၀ ရာခိုင်နှုန်း (90 Proof) ရှိတဲ့ ဘာဘွန်ပုလင်းတစ်လုံးမှာ ချိုမြိန်ခြင်း၊ ဝက်သစ်ချနဲ့ အမွှေးအကြိုင် တို့ကို အရသာအကောင်းဆုံးဖြစ်အောင် မျှတစွာရောစပ်ထားပါတယ်။ အကောင်းဆုံး အချက်က သင့်တင့်မျှတတဲ့ဈေးနှုန်းဖြင့် ရောင်းချခြင်းဖြစ်ပါတယ်။

၇။ Kuob Creek Single Barrel Reserve

0006

ကိုးနှစ်သက်တမ်းရှိတဲ့ Kuob Creek ဘာဘွန်ဟာ အကောင်းဆုံးစည်တွေထဲက ရွေး ချယ်ထားတာဖြစ်ပြီး လိမ္မော်ရောင်ရင့်ရင့် အရည်ထဲမှာ ဗင်နီလာမြေပဲနဲ့ ဝက်သစ်ချတို့ခပ်များများပါဝင်ပြီး အယ်လ်ကိုဟော ၁၂၀ ရာခိုင်နှုန်း (120 Proof) ရှိလို့ ချက်ချင်း ကိုယ့်ကိုသဘောကျစေနိုင်ပါတယ်။

၈။ Noah’s Mill

0007

114 Proof  ရှိတဲ့ Noah Mill ပုလင်းထဲက ဘာဘွန်ဟာ လျှာပေါ်ထိတွေ့ခံစားမှုပြင်းရှပြီး မေ့မရနိုင်စရာ နူးညံ့ပြေပြစ်မှုရှိ တကယ့်ကို သမမျှတတဲ့ အရသာရှိပါတယ်။ သစ်ကြား သီး၊ ဆီးသီးခြောက်၊ အမွှေးအကြိုင်တို့ရဲ့အရသာကို နည်းနည်းစီခံစားရပြီး ကာရာမဲလ် အရသာက ကိုယ့်ပါးစပ်ထဲစွဲကျန်လိမ့်မယ်။ ဒီပုလင်းတစ်လုံးဝယ်ယူပြီး တစိမ့်စိမ့်နဲ့ အရသာခံသောက်ကြည့်ပါ။

၉။ Parker Heritage Promise of Hope

0008

 Heaven Hill အရက်ချက်စက်ရုံဟာ အရက်ချက်ဆရာကြီး Parker Beam  ကို ဂုဏ်ပြု သောအားဖြင့် အရေအတွက် ကန့်သတ်ထားတဲ့ဘာဘွန်ကို တစ်နှစ်တစ်ကြိမ်ထုတ် လုပ်ပါတယ်။ Promise of Hope ကိုသိကြတဲ့ သတ္တမအကြိမ်ထုတ် ဒီဘာဘွန်မှာALS  ပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် ရောင်းရငွေတချို့တစ်ဝက်ကို ALS  ရောဂါ တိုက်ဖျက်ရေးကူညီတဲ့ Promise of Hope ရန်ပုံငွေအဖွဲ့ကို လှူဒါန်းပါတယ်။

၁၀။ BlanTon Single Barrel 

0019

Blanton ဟာ ပုလင်းအဖုံးပေါ်မှာ မြင်းစီးနေတဲ့ ဂျော်ကီပုံ ကြေးရုပ်လေးပါရှိတာကြောင့် မှတ်မိလွယ်ပါတယ်။ သင့်တင့်တဲ့ နူးညံ့ပြေပြစ်မှုနဲ့ သပ်ရပ်တဲ့အရသာပေးတဲ့ ဒီဘာဘွန် ဟာ တခြား Single Barrel ဘာဘွန်တွေနည်းတူ ပုလင်းတစ်လုံးနဲ့တစ်လုံး အရသာကွာ ပါတယ်။ ၁၉၈၀ ပြည့်နှစ်တွေရဲ့အစောပိုင်းက ထုတ်လုပ်တဲ့ ဂန္ထဝင်မြောက်တဲ့ ဒီဘာဘွန်ဟာ ကျယ်ပြန့်စွာ ဖြန့်ချိရောင်းချတဲ့ ပထမဆုံး Single Barrel  လည်း ဖြစ်ပါတယ်။

၁၁။ Black Maple Hill 16 Year Small Batch

0010

ဝီစကီကြိုက်သူတိုင်း မသေခင်သောက်ဖူးချင်တဲ့ ဒီဘာဘွန်မှာ ပဟေဠိဆန်မှုရှိပါတယ်။ ယင်းဟာ ဘာဘွန်စတင်ချက်လုပ်တဲ့ကင်တပ် ကီပြည်နယ်မှ အကျော်ကြားဆုံးအရက်ချက်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ လက်ရွေးစင်စည်တွေထဲထည့်ပြီး အရေအတွက်ကန့်သတ် ရောင်းချပါတယ်။ ဘာပဲပြောပြော အရေအတွက်နည်းတဲ့ ဒီဘာဘွန်ဟာ ဝီစကီအိပ်မက်ဆန်နေဆဲဖြစ်ပြီး သင်ကြုံကြိုက်လို့ဝယ်ခွင့်ရရင် လေးနက်တဲ့မေ့မရနိုင်စရာ အရသာကိုတစ်ငုံသောက်တိုင်း ခံစားကြည့်လိုက်ပါ။

၁၂။  Jefferson’s Ocean: Aged at Sea

0011

Jefferson’s Ocean ကို ဗန်းပြထွင်လုံးလို့ ပြောချင်ပြောနိုင်ပေမယ့် အဲဒီထွင်လုံးကို ယမကာကြိုက်သူတွေက သဘောကျကြပါတယ်။ ဒီဘာဘွန်ဟာ Jefferson’s Reserve  နဲ့ Presidential Select တို့အပါအဝင် အကောင်းဆုံး ဘာဘွန်တွေထုတ်လုပ်တဲ့ အရက် ကုမ္ပဏီကထုတ်လုပ်တာဖြစ်ပြီး "Ocean"  ဘာဘွန်အတွဲတွေအတွက် ဘာဘွန်လှောင်တဲ့ စည်တချို့ကိုပင်လယ်ရေအောက်မှာ နှစ်ချို့အောင်စိမ်ထားပါတယ်။ ရေလှုပ်ခတ်မှု ယင်းဝီစကီကို အရသာပိုကောင်းစေပါသတဲ့။

၁၃။ Four Roses Single Barrel

0009

ဒီဘာဘွန်မှာ ရိုင်းဂျုံပမာဏခပ်များများရောစပ်ထားပြီး အပူအစပ်နဲ့အချို့တို့ကိုတော့ အချိုးညီညီ ထည့်ထားပါတယ်။ ဒါအပြင် သစ်သီးနဲ့ သစ်ကြံပိုးခေါက်အရသာတို့ လည်းပါသေးလို့ နို့ရောင်သန်းတဲ့ အရည်ဖြစ်လာပါတယ်။ ဒီဘာဘွန်သောက်ချင်ရင် အရေအတွက်ကန့်သတ်ထုတ်လုပ်တဲ့ သက်တမ်းရင့်ရင့်ပုလင်းတချို့ကို လိုက်ရှာပါ။ Four Roses Single Barrel ဘာဘွန်ဟာ ဆုပေါင်းများစွာလည်း ဆွတ်ခူးထားပြီးဖြစ်ပါ တယ်။

၁၄။ Colonel E.H. Taylor, Jr. Single Barrel 

0012

တီထွင်ဆန်းသစ်တဲ့ နည်းပညာတွေနဲ့ ဘာဘွန်ထုတ်လုပ် ခဲ့တဲ့ ပုဂ္ဂိုလ်ကျော်ဗိုလ်မှူးကြီး E.H. Taylor ရဲ့ နာမည်ဖြင့် ထုတ်လုပ်တဲ့ ဒီဘာဘွန်စည်တွေကို ၁၈၀ဝ ပြည့်နှစ်တွေ အတွင်းက ယင်းကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ နာမည်ကျော်ကုန်လှောင်ရုံ "C" ထဲမှာ ယခုတိုင် သီးသန့်သိုလှောင်လေ့ရှိပါတယ်။ ဝက်သစ်ချ၊ ဆေးရွက်ကြီးအချို့ဓာတ်နဲ့ အမွှေးအကြိုင်တွေနဲ့အချိုးညီစွာဖော်စပ်ထားတာကြောင့် တကယ့်အကောင်းစားဘာဘွန် ဖြစ်ကြောင်း သက်သေပြနိုင်ပါတယ်။

၁၅။ 1792 Full Proof

0013

နောက်ဆုံးကျင်းပခဲ့တဲ့ World Whiskies ဆုပေးပွဲနှစ်ပွဲမှာ ဒီဘာဘွန်ဟာ ဈေးသင့်တင့်ပြီး လှပတဲ့အရောင်၊ သင်းပျံ့တဲ့ မွှေးရနံ့တွေနဲ့ ထူးခြားတဲ့အရသာပါရှိပါတယ်။ 125 Proof ဖြစ်တဲ့ 1792 Full Proof  ကို တစ်ငုံသောက်တိုင်း ကာရာမဲလ်၊ ဗင်နီလာနဲ့ အမွှေးအကြိုင်တွေရဲ့ အရသာကို သိသာစွာခံစားရမှာပါ။

၁၆။ Booker’s

0014

Jim Beam ဝီစကီထုတ်လုပ်သူရဲ့မြေးဖြစ်သူ Booker Noe  ကိုယ်တိုင်ဖော်စပ်တဲ့ ဒီဘာဘွန်ဟာ ဘာဘွန်အရသာ အစစ်အမှန်ပါရှိပါတယ်။ ၁၉၈၈ ခုနှစ်မှာ စတင် မိတ်ဆက်ကတည်းက ယင်းဝီစကီကို ရေမရောပေးတဲ့အတွက် ယနေ့တိုင်ရေပန်းစားနေဆဲဖြစ်ပါတယ်။ ယင်းကိုတခြားဘာဘွန်ကုမ္ပဏီတွေက ပုံတူကူးထုတ်လုပ်ပေမယ့် ယင်းရဲ့ ညက်ညောမှုအချိုဓာတ်နဲ့ အမွှေးအကြိုင်ပါတဲ့အရည်ကြောင့် ထိပ်ဆုံးမှာရှိနေဆဲပါ။

၁၇။ Elmer T. Lee Single Barrel    

0015

ဒီဘာဘွန်က Elmer T. Lee ကို မှီငြမ်းပြီးထုတ်လုပ်ရာမှာ ထူးချွန်ဆုရရှိခဲ့ကာ ထိပ်တန်းဘာဘွန်စာရင်းထဲမှာ ပါဝင်ပါတယ်။ Elmer ဟာ အရက်ချက်ဆရာကြီး ပီသသူဖြစ်ပြီး ယင်းရဲ့ဘာဘွန်ဟာ လက်မှုအတတ်ပညာအစစ်ကို ထင်ဟပ်ပြပြီး သစ်သီး၊ ပျားရည်နဲ့ ဗင်နီလာအရသာတွေပါရှိလို့ ခံတွင်းတွေ့ကြမှာပါ။

၁၈။ Jim Beam Signature Craft 12 year

0016

 Jim Beam အဖြူရောင်တံဆိပ်ပတ်ဘာဘွန်ပုလင်းတွေ ဟာ နေရာတကာမှာရှိပြီး တစ်သက်တာ စွဲမက်စရာမဟုတ်ပေမယ့် ယင်းကုမ္ပဏီက Signature 12 Year လို တကယ့်ကို ထူးခြားတဲ့ဘာဘွန်မျိုးကို အခါအားလျော်စွာ ထုတ်လုပ်ပါတယ်။ သိမ်မွေ့တဲ့အခိုးအငွေ့နဲ့အတူ ချိုမြိန်မှုနဲ့ အမွှေးအကြိုင်တို့ကို အချိုးညီစွာ ပေါင်းစပ်ထည့် သွင်းထားပါတယ်။

၁၉။ Eagle Rave 10 Year

0017

Eagle Rave  ဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေကတည်းက ပေါ်ပေါက်လာခဲ့ပေမယ့် ၂၀ဝ၀ ပြည့်လွန်နှစ်တွေရောက်မှ ကျော်ကြားလာခဲ့တာပါ။ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရောင်း ချတဲ့ ဒီဘာဘွန်ရဲ့ အရောင်ရင့်ရင့်ချောမွတ်မှုနဲ့ ထိပ်တန်းအရသာတို့ကြောင့် ယမကာကြိုက်သူ တွေလက်စွဲဖြစ်ပါတယ်။ ဈေးချိုပြီး အရည်အသွေးမြင့်မားတာကြောင့် ဒီရှားပါးဘာဘွန်ရေပန်းစားလာတာ အံ့ဩစရာ မဟုတ်တော့ပါဘူး။

၂၀။  Angel’s Envy Port Finished

0018

ဒီဘာဘွန်ကိုချက်ရာမှာ တခြားအရက်ချက်လုပ်ငန်းဆီက ချွေးပေါင်းခံအရက်ကို ရယူပေမယ့် ယင်းဟာပကတိထူးခြားမှုရှိပါတယ်။ ပေါ်တူဂီဝိုင်အနီသိုလှောင်တဲ့ စည်တွေထဲထည့်ပြီး လှောင်တာကြောင့် သစ်သီးနဲ့သကြားပါတဲ့ နို့အရသာလေးပါရှိပြီး အမွှေးအကြိုင်ကိုတော့ ခပ်ပါးပါးလေး ထည့်ပေးထားပါတယ်။ ဘာပဲပြောပြော အလွန့်အလွန် နူးညံ့ညက်ညောပြီး တစ်ငုံမော့တိုင်း အရသာအသစ်တွေကို ကိုယ် ခံစားရမှာဖြစ်ပါတယ်။