အာရှထိပ်တန်း Green Building အခမ်းအနားကို စင်ကာပှုနိုင်ငံတွင် ကျင်းပမည်

asia1
စင်္ကာပှုနိုင်ငံမှာ လာမယ့် သြဂုတ်လ ၃၁ ရက်ကနေ စက်တင်ဘာ ၆ ရက်ထိ ကျင်းပပြုလုပ်မယ့် ခုနှစ်ကြိမ်မြောက် Green Building ရက်သတ္တပတ်မှာ နိုင်ငံပေါင်း ၅၅ နိုင်ငံက ပါဝင်သူပေါင်း သုံးသောင်းကျော် တက်ရောက်သွားမှာ ဖြစ်တယ်လို့  ရန်ကုန်မြို့ Sule Shangari-La Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ  မြန်မာနိုင်ငံအခြေစိုက် Statement Design Company မှ Principal Architect ဖြစ်သူ ဒေါ်ချောကလျာ ကဆိုပါတယ်။ အဆိုပါ ပြပွဲတွင် Green Building နည်းပညာဆိုင်ရာ တန်ဖိုးရှိသည့် လေ့လာစရာများကို မြန်မာနိုင်ငံရှိ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်း နယ်ပယ်များတွင် အသုံးချနိုင်ရန် ခင်းကျင်းပြသသွားမှာ ဖြစ်တယ်လို့ ဒေါ်ချောကလျာက ပြောကြားခဲ့ပါတယ်။

asia3

 

asia4