သမ၀ါယမတက္ကသိုလ်(သန်လျင်) စာကြည့်တိုက်ဖွင့်ပွဲနဲ့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုပေးပွဲ အခမ်းအနားကျင်းပ

uni2 uni1

တက္ကသိုလ်စာကြည့်တိုက်ဖွင့်ပွဲနဲ့ ဆုရမောင်မယ်တွေကို ဆုချီးမြှင့်တဲ့အခမ်းအနားကို သန်လျင်မြို့ရှိ သမ၀ါယမတက္ကသိုလ်မှာ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်က ကျင်းပခဲ့ပါတယ်။ တက္ကသိုလ်စာကြည့်တိုက်ဖွင့်ပွဲကို မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း၊ နာယက သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌနဲ့ သမ၀ါယမတက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီနောက် ပြည်ထောင်စုဝန်ကြီးနဲ့ ဧည့်သည်တော်များက စာကြည့်တိုက်ထဲ လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုပေးပွဲအခမ်းအနားကို အားကစားခန်းမမှာ ဆက်လက်ကျင်းပခဲ့ရာ ကျောင်းသားကျောင်းသူတွေက အဖွင့်သီချင်းနဲ့ သီဆိုဖျော်ဖြေကြပြီး မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း၊ နာယက သမ၀ါယမ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ဆုရမောင်မယ်တွေကို ဆုချီးမြှင့်ပေးခဲ့ပြီး စာကြည့်တိုက်ကို လှူဒါန်းတဲ့ အလှူရှင်တွေကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါတယ်။

uni3