ရန်ကုန်စတော့အိပ်ချိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးမှုအလားအလာဆိုင်ရာ ဟောပြောပွဲ

ygnstockexchange1

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း (TTI) ကပြုလုပ်တဲ့ ရန်ကုန်စတော့အိပ်ချိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးမှုအလားအလာ ဟောပြောပွဲကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ၊ ၁၄ ရက်က စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၊ အမှတ် (၂၂၈၊၂၄၀) ၊ ကမ်းနားလမ်း၊ ပန်းဘဲတန်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု သင်တန်းကျောင်းမှာ ကျင်းပခဲ့ပါတယ်။

ygnstockexchange2

အခမ်းအနားကို ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဒေါက်တာမောင်မောင်သိမ်းက စတော့အိပ်ချိန်းနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ သိသင့်သိထိုက်တဲ့အကြောင်းအရာတွေကို အကျယ်တ၀င့် ရှင်းလင်းပြောပြခဲ့ပါတယ်။ စီးပွားရေးလုပ်တဲ့လူတိုင်းကို နိုင်ငံတကာနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နိုင်အောင် ရည်ရွယ်ပြီး ကျင်းပခဲ့တာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း (TTI) က တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။

ygnstockexchange3