ဖက်ရှင်နဲ့ နိုင်ငံရေး

article landscape wartermark final5

Wikileaks ၀က်ဘ်ဆိုက် တည်ထောင်သူ Julian Assange

ဖက်ရှင်အ၀တ်အစားဒီဇိုင်းဖန်တီးတဲ့ အလုပ်နဲ့ နိုင်ငံရေးဟာ ဆက်စပ်ပူး ပေါင်းသွားလိမ့်မယ်လို့ မထင်ရပါဘူး။ ဒါပေမဲ့ အခုအခါမှာတော့ အဲဒီ လို ဖြစ်သွားတာကို တွေ့ရပါတယ်။ ပြဿ     နာတက်ခဲ့တဲ့ Wikileaks ၀က်ဘ် ဆိုက်ကို တည်ထောင်သူ Julian Assange  ဟာ လန်ဒန်ရှိ အီကွေဒေါသံရုံးမှာ အထိန်းသိမ်း ခံနေရဆဲ ဖြစ်ပြီး ဆွီဒင်နိုင်ငံကို တရားရင်ဆိုင်ဖို့ သူ့ကို လွှဲပြောင်းမယ့် အရေးကို တိုက်ပွဲဝင် နေရတုန်းပဲ ဖြစ်ပါတယ်။ သူ့ကို ထောက်ခံတဲ့ ဒီဇိုင်နာ Ben West-wood  ကတော့ သူတီထွင်ဖန်တီး မယ့်ဖက်ရှင်တွေကို Julian Assange  ကို မော်ဒယ်အဖြစ် ၀တ်ခိုင်းပြီး ကြော်ငြာပေးဖို့ စကားကမ်းလှမ်း ထားပါတယ်။ အဲဒီမော် ဒယ်ရှိုးပွဲကို သူ ထိန်းသိမ်းခံထားရတဲ့ သံရုံးမှာ စက်တင်ဘာလထဲမှာ ကျင်းပမှာ ဖြစ် ပါတယ်။

”Julian ဒီ သံရုံးထဲမှာ ရောက်နေတာ နှစ်နှစ်ရှိပါပြီ။ တဖြည်း ဖြည်းနဲ့ သူ့ကို မေ့သွားကြတာမျိုးမဖြစ်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်က သူ့ရဲ့အဖြစ်ကို မီးမောင်းထိုးပြချင် တာပါ။ သူဟာ မတရားခံနေရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့အတွက် ဒီဇိုင်းကို ဆွဲလိုက်တာပါပဲ” ‘ လို့ အဲဒီ ဒီဇိုင်နာက ဆိုပါတယ်။

Ref: thedailybeast.com