ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်ရဲ့ Career Planning ဟောပြောပွဲ

Career Planning 7

5 Network  TV Channel မှ ကြီးမှူးစီစဉ်တဲ့ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်ရဲ့ Career Planning ဟောပြောပွဲကို နိုဝင်ဘာလ ၂၉ ရက်နေ့က UMFCCI မှာ  ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားတွင် ဆရာကြီး ဒေါက်တာအောင်ထွန်းသက်က လူငယ်တွေအနေနဲ့ မိမိရဲ့ Career ကို ပြောင်းပြီးလုပ်သင့်သော်လည်း ခဏခဏ မပြောင်းသင့်ကြောင်း၊ အနာဂတ်ကို ကြိုတင်စဉ်းစားထားပြီး Career ကို ရွေးချယ်သင့်ကြောင်း၊ ကိုယ့်ရဲ့ ၀ါသနာ၊ ကျွမ်းကျင်မှု နဲ့ ကိုက်ညီတဲ့ Career ကိုရွေးချယ်သင့်ကြောင်း၊ ဘ၀မှာ အောင်မြင်မှု ရဖို့အတွက် C သုံးလုံးလို့ခေါ်တဲ့ Choice ၊ Change နဲ့ Chance ကို လက်ကိုင်ထားသင့်ကြောင်း ပညာပေးဟောပြောခဲ့ပါတယ်။ လူငယ်တွေဟာ သူများရဲ့ အယူအဆကို ကိုယ့်ရဲ့ အပေါ်ကို အလွမ်းမိုးမခံဘဲ ကိုယ်တိုင် ဆုံးဖြတ်ချသင့်တယ်လို့ လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

Career Planning 6 Career Planning 5 Career Planning 4 Career Planning 3 Career Planning 2 Career Planning 1