ထိုင်းနိုင်ငံရဲ့ CP All ဆိုင်ခွဲတွေ ဖွင့်သွားမယ်

CPALL2015

ထိုင်းနိုင်ငံရဲ့ကုမ္ပဏီအုပ်စုကြီးဖြစ်တဲ့ Charoen Pokphand ဟာ သူရဲ့အောင်မြင်နေတဲ့လုပ်ငန်းတွေကို အိမ်နီးချင်းနိုင်ငံတွေကို ဖြန့်ကျက်လုပ်ကိုင်သွားဖို့ စီစဉ်နေပါတယ်။

          သူ့လက်အောက်ခံ လက်လီအရောင်းဆိုင်ဖြစ်တဲ့ CP All ဟာ ၂၀၁၇ ခုနှစ်ကုန်ပိုင်းလောက်တုန်းက ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင်မှာ စတင်ဖွင့်လှစ်ခဲ့ရာမှာ ဝယ်ယူသူတွေ ကြိတ်ကြိတ်တိုးစည်ကားခဲ့ တယ်။

          အဲဒီမှာ လိုချင်တဲ့ပစ္စည်းမျိုး စုံဝယ်လို့ရတယ်။ CP All ဟာ သူ့ရဲ့ 7-Eleven လို့ခေါ်တဲ့ဆိုင်တွေကို ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံမှာလည်း လာရောက်ဖွင့်လှစ်ဖို့ စီစဉ်နေကြောင်း စက်တင်ဘာလ ၂၆ ရက်က သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။