စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့် (၅/၂၀၀၀) နှင့် (၆/၂၀၀၀) တို့အား ပယ်ဖျက်ကြောင်း ထုတ်ပြန်

နယ်စပ်ဒေသများတွင် ကုန်သွယ်မှုနည်းလမ်းအလိုက် ဆောင်ရွက်ခွင့်ပြုသည့် ငွေကြေး၊ ဆောင်ရွက်ခွင့်ပြုသည့် ကုန်ပစ္စည်းများကို သတ်မှတ်ထားရှိပြီးဖြစ်သည့်အပြင် အခွန်ကောက်ခံခြင်းကိစ္စကို သက်ဆိုင်ရာ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဥပဒေအရ ဆောင်ရွက်လျက်ရှိနေပြီဖြစ်သည့်အပြင် သွင်းကုန်လိုင်စင်ကြေးကောက်ခံခြင်းကိုလည်း ကျပ်ငွေဖြင့် ကောက်ခံနေပြီဖြစ်ကြောင်း သိရပါသည်။

လက်ရှိဆောင်ရွက်လျက်ရှိနေသော အခြေအနေနှင့် ကိုက်ညီခြင်းမရှိသည့် နှစ်နိုင်ငံသုံးငွေကြေးနှင့် အမေရိကန်ဒေါ်လာတို့ဖြင့် ရောင်းဝယ်ခွင့်ပြုထားပြီး ရောင်းချသည့်ငွေကြေးဖြင့် အခွန်ပေးဆောင်ရန် ထုတ်ပြန်ထားခဲ့သည့် အမိန့်အမှတ် (၅/၂၀၀၀) မြန်မာ-တရုတ်နယ်စပ်ဒေသများနှင့် မြန်မာ-အိန္ဒိယနယ်စပ်ဒေသ ၊ အမိန့်အမှတ် (၆/၂၀၀၀) ဖြင့် မြန်မာ-ထိုင်းနယ်စပ်ဒေသများ တို့ကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့က ပယ်ဖျက်လိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။