စီးပွာရေးအသွင်ကူးပြောင်းဆိုင်ရာ ဟောပြောပွဲ

CzechBank1

မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးအသွင်ကူးပြောင်းရေး လုပ်ငန်းများကို ဆောင်ရွက်နေချိန်မှာ Czech နိုင်ငံ စီးပွားရေးကူးပြောင်းရေးနဲ့ ပတ်သက်ပြီး ဟောပြောပွဲတစ်ခုကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံစက်မှုလက်မှုကုန်သည်ကြီးများ အသင်းချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။

CzechBank3

ဟောပြောပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ Czech သံအမတ် HE Jaroslav Dolecek က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး Czech National Bank ရဲ့ Vice Governor ဖြစ်သူ HE Vladimir Tomsik က Czech နိုင်ငံ စီးပွားရေးအသွင်ကူးပြောင်းရေးကာလမှာ Czech နိုင်ငံတော်ဘဏ်အနေနဲ့ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေနဲ့ ဘယ်လိုရင်ဆိုင် ဖြေရှင်းခဲ့တယ်ဆိုတာတွေကို ဟောပြောတင်ပြခဲ့ပါတယ်။ ဟောပြောပွဲကို မလာနိုင်ခဲ့တဲ့လူတွေလည်း ချက်နိုင်ငံတော်ဘဏ်အနေနဲ့ စီးပွားရေးအသွင်ကူးပြောင်းရေးကာလတွေမှာ ရင်ဆိုင်ခဲ့ရတာတွေနဲ့ ပတ်သက်ပြီး သိရှိလိုပါက cnb.cz.com မှာ ၀င်ရောက်ကြည့်နိုင်တယ်လို့လည်း သိရှိရပါတယ်။

CzechBank2