စိန်ဂေဟာရဲ့ Valentine’s Final Contest

1 2 3 4 5 6 7

စတုတ္ထအကြိမ်မြောက် စိန်ဂေဟာရဲ့Valentine’s Final Contest ပြိုင်ပွဲကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် က စိန်ဂေဟာ (လှည်းတန်း) မှာ ကျင်းပခဲ့ပြီး စုံတွဲသီချင်းဆိုပြိုင်ပွဲ၊ စုံတွဲဖက်ရှင်ပြိုင်ပွဲ၊ facebook Like အများဆုံးရရှိတဲ့စုံတွဲဆိုပြီး ပြိုင်ပွဲသုံးမျိုး ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံး Final ပြိုင်ပွဲမှာ  စုံတွဲသီချင်းဆိုပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင် ၁၂ ဦး၊ စုံတွဲဖက်ရှင်ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် ၁၄ ဦး တက်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဲဒီနောက် Valentine Facebook Like အများဆုံးဆုကို Young Dream၊ First Runner Up ကို ဇင်ရဲအောင်နဲ့ ဆုမြတ်နိုး၊ Second Runner Up ကို Yoe YoeZ ၊ စုံတွဲသီချင်းဆိုပြိုင်ပွဲမှာ မြတ်နိုးခြင်းမိုးတိမ် သီချင်းနဲ့ Grand Prize ကို စိုင်းလုနဲ့ စုမြတ်နိုးလွင်တို့က ရရှိခဲ့ပြီး စုံတွဲဖက်ရှင်ပြိုင်ပွဲရဲ့ Mr& Mrs Valentine ဆုကို အာကာ ၀င်းဇော်နဲ့ နှင်းရွှေရည်တို့က အသီးသီးဆွတ်ခူးခဲ့ကြပါတယ်။