စိန်ဂေဟာမိသားစုနှင့် အကျိုးတူကုမ္ပဏီများ၏ အမေများနေ့အထိမ်းအမှတ်အလှူ

article landscape wartermark fina13l

စိန်ဂေဟာမိသားစုနဲ့အတူ အကျိုးတူပူးပေါင်း လုပ်ကိုင်နေသော မားမား(ခေါက်ဆွဲ)၊ အမှတ်တယ(စားဖွယ်စုံ)၊ Happy Chicken (ကြက်ကင်)၊ ငွေစင်ပုလဲ(နွားနို့) စတဲ့လုပ်ငန်းတွေက အမေများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၁၄ ခုနှစ် မေလ ၁၁ ရက်နေ့က အရှေ့ဒဂုံမြို့နယ်ရှိ ဆည်းဆာရိပ် ဘိုးဘွားများစောင့်ရှောက်ရေးဂေဟာကို အလှူငွေ  ၅ သိန်းကျပ်နဲ့အတူ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် အစရှိတဲ့ စားသောက်ဖွယ်ရာတွေကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေ့က နွားနို့၊ ကြက်ကြော် အစရှိတဲ့ အာဟာရဖြစ်မယ့် အစားအသောက်တွေနဲ့ အဘိုး၊ အဘွား တစ်ဦးချင်းစီကိုလိုက်လံလှူဒါန်း ကုသိုလ်ယူပြီး နွေးထွေးစွာ ကုသိုလ်ယူခဲ့ကြတယ်လို့ သိရှိရပါတယ်။

 

article landscape wartermark final4 article landscape wartermark final2