ဒေါ်ရီရီမြင့် (စီးပွားရေးတက္ကသိုလ်- ပါမောက္ခ(ငြိမ်း)) ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ ချီးမြှင့်ခံရ

Daw yi yi myint

CEO စီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်း၏ အကြံပေးပညာရှင်တစ်ဦးဖြစ်သည့် ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခ (ငြိမ်း) ဒေါ်ရီရီမြင့်သည် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလတွင် ရန်ကုန်တက္ကသိုလ် အထူးဘွဲ့နှင်းသဘင်အခမ်းအနား၌ ပေးအပ်ချီးမြှင့်သည့် ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ “Doctor of Letters (Honoris Causa)”  ချီးမြှင့်ခြင်းခံရသဖြင့် ဆရာမကြီး ဒေါက်တာ ဒေါ်ရီရီမြင့်နှင့်ထပ်တူ တူဒေးစာအုပ်တိုက်မိသားစုမှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

တူဒေးစာအုပ်တိုက်