ဂလိုဘယ်ဝေါလ်အာမခံကုမ္ပဏီရဲ့ အာမခံအမျိုးအစားသစ်များ

globalworld1

ဂလိုဘယ်ဝေါလ်အာမခံကုမ္ပဏီရဲ့ အာမခံအမျိုးအစားသစ်များအကြောင်း မိတ်ဆက်ရှင်းလင်းပွဲကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်က  အဆိုပါကုမ္ပဏီတည်ရှိရာ အမှတ် ၄၄၊ သိမ်ဖြူလမ်း၊ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ ဒါရိုက်တာ ဦးစိုးဝင်းသန်းက လုပ်ငန်းလည်ပတ်ပုံအကြောင်းနဲ့ ကုမ္ပဏီအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး အာမခံအမျိုးအစားသစ်အကြောင်းကို ဒုတိယအထွေထွေမန်နေဂျာက အသေးစိတ်ရှင်းလင်းတင်ပြပေးခဲ့ပါတယ်။ ဂလိုဘယ်ဝေါလ်ကုမ္ပဏီအနေဖြင့် အသက်အာမခံ၊ မီးအာမခံ၊ အလုံးစုံမော်တော်ယာဉ်အာမခံ၊ ငွေပို့ငွေသယ်အာမခံ၊ သမာဓိအာမခံ၊ ငွေသားလုံးခြုံမှုအာမခံ၊ အထူးခရီးသွားအာမခံ၊ ကျန်းမာရေးအာမခံနှင့် ရေကြောင်းကုန်ပစ္စည်းအာမခံ အမျိုးအစားများကို အာမခံပေးနေတယ်လို့ သိရပါတယ်။

globalworld2 globalworld3