• Home
  • About Us
  • Blog
  • CEO Forum
  • Job
  • Advertise With Us
  • Multimedia
  • Print Edition
  • Contact
  • Job
  • Register
  • Log In
facebook
linkedin
twitter
google_plus
  • News
    • ASEAN
    • BRICS
    • Events
      • MEF
      • Seminar
    • International News
    • Local News
  • Articles
    • Ethics
    • Executive Q & A
    • Feature
    • Health
  • Profile
    • Interviews
    • New Business
  • Tourism
    • Tourist Arrival
  • Trade & Investment
    • FDI
  • Property
  • Management
  • Technology
  • Books
  • Leisure
    • Executive Cartoon
    • Golf
    • Karaoke & Club
    • Spa
  • Opinion
    • Commentary
    • Editor’s letter
    • Letters to Editor
  • About Us

လူသားအရင်းအနှီး

Posted On 24 Jan 2019
By : Editorial
Comment: 0

Jakoba_Blog_Investors-Finally-Taking-Notice-of-Human-Capital-600x400

လူသားအရင်းအနှီး (Human Capital) တွင် လူတို့၏ ဘဝတလျှောက်စုဆောင်းထားသော ဗဟုသုတများ၊ ကျွမ်းကျင် မှုများနှင့် ကျန်းမာခြင်းတို့ပါဝင်ပြီး ယင်းတို့ဖြင့် မိမိတို့၏ စွမ်းရည်များကို သိနားလည်လာစေရန်၊ လူမှုဝန်းကျင်ရှိ လူသားများအတွက် လုပ်ဆောင်နိုင်မှုစွမ်းရည်များကို ဖြစ်ထွန်းပေါ်ပေါက်လာစေမည့် အကျိုးပြုသူများအဖြစ် ရပ် တည်လာနိုင်ကြမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အဆုံးစွန်ဆင်းရဲနွမ်းပါးမှုများကို အဆုံးသတ်စေရန်၊ လူသားအရင်းအနှီး (Human Capital) ကို ဖွံ့ဖြိုးတိုးတက်လာစေရန် ပိုမိုပူးပေါင်းပါဝင်သည့်လူမှုဝန်းကျင်ကို ဖန်တီးနိုင်လာကြရမည်ဖြစ်သည်။ ယင်းသည် လူသားများ၏အာဟာရ ဖွံ့ဖြိုးမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အရည်အသွေးပြည့်ဝသည့်ပညာရေး၊ အလုပ်အကိုင်များနှင့် ကျွမ်းကျင်မှုများတို့အတွက် ရင်းနှီးမြှုပ်နှံရန်လိုအပ်လာခြင်းဖြစ်ပါသည်။

          ယနေ့ကမ္ဘာတစ်ဝန်း လူသားအရင်းအနှီးဖွံ့ဖြိုး တိုးတက်မှုများတွင် ပိုမိုလုပ်ဆောင်လာနေကြသည်ကို တွေ့ မြင်ရမည်ဖြစ်၏။ လူသားအရင်းအနှီး (Human Capital) ဖွံ့ဖြိုးမှုမရှိသည့် တိုင်းပြည်များသည် စီးပွားရေး ဖွံ့ဖြိုးမှုရေရှည်တည်တံ့အောင် ဆောင်ရွက်နိုင်မည်မဟုတ်ပါ။ အနာဂတ်တွင်ပိုမိုမြင့်မားသည့် ကျွမ်းကျင်မှုအလုပ် အကိုင်များအတွက် ကြိုတင်ပြင်ဆင်ထားသည့် လုပ်သားအင်အားစုများကိုလည်း ဖော်ထုတ်လာနိုင်မည်မဟုတ်ပါ။ ယင်းသို့ဖြင့် နိုင်ငံတကာစီးပွားရေးတွင် အကျိုးသက်ရောက်မှုရှိသည့် ယှဉ်ပြိုင်မှုနိုင်မှုများကိုလည်း ပြုလုပ်နိုင်မည်မဟုတ်ပါ။

          ကမ္ဘာ့ဘဏ် (World Bank) မှ Human Capital Project ကို ၂၀၁၇ ခုနှစ်တွင် ကြေငြာခဲ့ပါသည်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် အသစ်သောHuman Capital Index ဖြင့် နိုင်ငံပေါင်း ၃၀ အား ကနဦးသတ်မှတ်၍၊ ကမ္ဘာ့ဘဏ်အုပ်စုမှ နည်းဗျူဟာကျနသည့် ချဉ်းကပ်မှုများဖြင့် လူသားအရင်းအနှီး (Human Capital) ရလဒ်များ ပြု ပြင်ပြောင်းလဲနိုင်ရန် ဆောင်ရွက်နေပါသည်။

          Human Capital Project သည် အမျိုးသားခေါင်းဆောင်များအား လူသားအရင်းအနှီးတွင် ရင်းနှီးမြှုပ်နှံမှုများအား ဦးစားပေးဆောင်ရွက်ခြင်းဖြင့် နိုင်ငံရေးနေရာ တစ်ခုဖန်တီးပေးမည့် အကူအညီတစ်ခုဖြစ်စေရန် မျှော်မှန်းပါသည်။ ရည်ရွယ်ချက်မှာ အရှိန်အဟုန်မြင့် တိုးတက်လာနေသော ကမ္ဘာကြီးတွင် ကလေးများအားလုံး အာဟာရဖွံ့ဖြိုးစွာဖြင့် ပညာသင်ကြားရန် အသင့်ရှိနေပြီး၊  ကျောင်းများသို့ ရောက်ရှိစေရန်။ အတန်းတွင်း စစ်မှန်သည့် သင်ယူမှုများဖြင့် နောင်တစ်ချိန်တွင် ကျန်းမာသန်စွမ်းပြီး ကျွမ်းကျင်မှုဖြင့်ထုတ်လုပ်နိုင်စွမ်းရှိသည့် လုပ်သားများအဖြစ် အလုပ်အကိုင်ဈေးကွက်များသို့ ဝင်ရောက်လာကြနိုင်စေရန်တို့ဖြစ်ပါသည်။

ပြောင်းလဲနေသော လုပ်ငန်းသဘာဝများ

ယနေ့နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာနေသည်နှင့်အမျှ လုပ်ငန်းသဘာဝများသည်လည်း ပြောင်းလဲလာနေသည် ကို လေ့လာရမည်ဖြစ်၏။ နည်းပညာဖွံ့ဖြိုးမှုတို့က အလုပ်အကိုင်လုပ်ငန်းသဘာဝများကို စဉ်ဆက်မပြတ်လုပ် ကိုင်နေပါသည်။ ထုတ်လုပ်မှုပုံစံအသစ်များ၊ ဈေးကွက်တိုးချဲ့ခြင်းများနှင့် လူမှုဝန်းကျင်ပါဝင်မှုများတို့ဖြင့် နည်းလမ်းများ ချမှတ်ဆောင်ရွက်နေကြပါသည်။ ခြုံငုံပြောရမည်ဆိုပါက နည်းပညာများသည် အလုပ်အကိုင်အသစ်အခွင့်အလမ်းများကို ဖန်တီးပေးနေလျှင်၊ ထုတ်လုပ်မှုစွမ်း အားတိုးမြှင့်လားခြင်းနှင့် အကျိုးသက်ရောက်မှုရှိသည့် ပြည်သူ့ဝန်ဆောင်မှုများကိုလည်း ပေးစွမ်းနိုင်မည်ဖြစ် သည်။ လုပ်ငန်းစဉ်တွင်ပြောင်းလဲနေသော နည်းပညာများနှင့်အညီ လုပ်သားဈေးကွက်တွင် ကျွမ်းကျင်မှုရှိခြင်းများက အကျိုးပြုနေပါသည်။ ကျွမ်းကျင်မှုမရှိသည့်လုပ်သားများ၏ လိုအပ်ချက်ကိုလျှော့ချစေပြီး မြင့်မားသည့်ကျွမ်းကျင်မှုများကို ပိုမိုလိုအပ်နေပြီဖြစ်၏။

          လုပ်သားဈေးကွက်များတွင် လိုအပ်သည့် ကျွမ်းကျင်မှုများကို လုပ်သားဈေးကွက်များတွင် လိုအပ်သည့် ကျွမ်းကျင်မှုများကို တည်ဆောက်နိုင်ရန်မှာ၊ ခိုင်မာသည့် လူသားအရင်းအနှီး (Human Capital) အခြေခံအုတ်မြစ်များ နှင့် ကာလရှည်ကြာစွာသင်ယူမှုများ ရှိရန်လိုအပ်ပါသည်။ ပြောင်းလဲနေသော လုပ်ငန်းသဘာဝများကို အမီလိုက်နိုင်ရန်မှာ၊ လူသားအရင်းအနှီး (Human Capital) များတွင် ရင်းနှီးမြှုပ်နှံခြင်းကို ဦးစားပေးဆောင်ရွက်ရန်ပင်ဖြစ်၏။ ကမ္ဘာ့ဘဏ်၏ အသစ်သော လူသားအရင်းအနှီးညွှန်းကိန်း (Human Capital Labor) ကို အသုံးပြုခြင်းဖြင့် တိုင်းပြည်များသည် ထုတ်လုပ်နိုင်စွမ်းရှိသည့် လုပ်သားအင်အားစုများ၏ အကျိုးကျေးဇူးကို ရရှိခံစားနိုင်ကြမည်ဖြစ်သည်။ ကျန်းမာရေးနှင့် ပညာရေးတို့တွင် အရေအတွက်နှင့် အရည်အသွေးကျနစွာ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း များက နောင်အနာဂတ်မျိုးဆက်သစ်များအတွက် ထုတ်လုပ်မှု စွမ်းရည်နှင့် ဝင်ငွေရရှိမှုများကို ပိုမိုကောင်းမွန် လာစေမည်ဖြစ်၍၊ လူသားအရင်းအနှီး (Human Capital) ကွာဟမှုများကြောင့် ယခင်ကဆုံးရှုံးခဲ့ရသည်များကို ယခု အချိန်ဆောင်ရွက်မှုများဖြင့် အောင်မြင်မှုများအဖြစ်ပြောင်းလဲရရှိလာနိုင်ကြမည်ဖြစ်ပါသည်။

၁။       လူသားအရင်းအနှီးညွှန်းကိန်း။ (Human Capital Labor)

၂။       အဆင့်သတ်မှတ်တိုင်းတာချက်များနှင့်

          သုတေသန (Mesurement +Research)

၃။       နိုင်ငံအလိုက်စီမံခန့်ခွဲမှုများ

          (Country Management)

          ကမ္ဘာ့ဘဏ်မှ ကနဦးသတ်မှတ်သည့် နိုင်ငံများမှာ- အာဖဂန်နစ္စတန်၊ အယ်(လ်)အားနီးယား၊ အာမေးနီး ယား၊ ဩစတြေးလျ၊ ဘင်ဂလာဒေ့(ရှ်)၊ ဘယ်(လ်)ဂျီယံ။ ဘရာဇီး၊ ကင်မရွန်၊ ကနေဒါ၊ အီကွေဒေါ၊ အီသီယိုးပီးယား၊ ဖင်လန်၊ ဂျော်ဂျီယာ၊ ဂျာမနီ၊ ဟန်ဂေရီ၊ အိုက်(စ်)လန်၊ အီရတ်၊ အိုင်ယာလန်၊ ဂျပန်၊ ဂျော်ဒန်၊ ကိုရီးယား၊ ကိုဆို ဗို၊ လက်ဘနွန်၊ မလေးရှား၊ မက္ကစီကို၊ မိုဇမ်ဘစ်၊ မြန်မာ၊ နယူးဇီလန်၊ နီကရာကွာ၊ ပါကစ္စတန်၊ ပီရူး၊ ဖိလစ်ပိုင် တို့ဖြစ်ပါသည်။

Source: Internet

 

ခင်ဌေးယူ

Email this page
  • google-share
Previous Story

“နည်းဗျူဟာများပြောင်းလဲခြင်း”

Next Story

အဂတိပယ်ခွာ ပြည်သာယာ (၃)

  • Advertise with Us

    Tag Cloud

    2014 article Asean ASEAN News Book BRICS business car CEO China Commentary CSR Dine & Wine ethics Executive Q&A Feature Golf health Highlight horoscope Hotel India International International News interview Investment IT Leisure Local local news Management Myanmar news opinion Profile Samsung Seminar Singapore Top Story tourism

    Contact Info

    အမှတ် (H) ၊ လှိုင်မြင်းမိုရ်ကန်လမ်း၊ ကန်ရိပ်မွန်အိမ်ရာ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
    ဖုန်း –၀၁ ၅၀၇၃၉၁ ~ ~၉၃ ၊ ဖက်စ် – ၀၁ ၅၀၇၃၉၀

    B(6) ၊ ၇၁ လမ်း၊ ၃၀ x ၃၁ လမ်းကြား၊ ဆောက်လုပ်ရေးတိုက်တန်း၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
    ဖုန်း – ၀၉၇၃၂၄၃၂၆၉ ၊ ၀၉၉၁၀၂၇၅၂၄

    Email : ceo.myanmar@gmail.com

    Print Edition

    Print Edition
  • Sitemap

    • About Us
    • Account
    • Advertise With Us
    • News
      • Local
      • ASEAN
      • BRICS
      • International
      • Events
        • Seminar
        • MEF
    • Articles
      • Feature
      • Ethics
      • Executive Q & A
      • Health
    • Profile
      • Interviews
      • New Business
    • Tourism
      • Tourist Arrival
    • Property
    • Management
    • Technology
    • Books
    • Executive Cartoon
    • Horoscopes
    • Opinion
      • Commentary
      • Editor’s letter
      • Letters to Editor
    • Forum
    • Blog
    • Contact
    • Multimedia
      • Videos
    • Print Edition
  • Copyright © 2015 CEO Myanmar. All Rights Reserved.